DVB Logo
Home
မြန်မာသတင်း
သရက်မြို့က တူရကီစစ်သင်္ချိုင်း ပြန်လည်တူးဖော်ထိန်းသိမ်း
DVB
·
April 10, 2016
သရက်မြို့က တူရကီစစ်သင်္ချိုင်း ပြန်လည်တူးဖော်ထိန်းသိမ်း
1 / 6
Donate to DVB

မကွေးတိုင်း၊ သရက်မြို့က တူရကီ စစ်သင်္ချိုင်း ပြန်လည်တူးဖော်ပြီး တူရကီနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းတို့ ပူးပေါင်းစောင့် ရှောက်ထားပါတယ်။

ပထမကမ္ဘာစစ်အတွင်းက အော်တိုမင်တပ်မတော်နဲ့ ဗြိတိသျှတပ်မတော်တို့ တိုက်ပွဲတွေက သုံ့ပန်းအနေနဲ့ မြန်မာနိုင်ငံကို ဖမ်းစီးခေါ်ဆောင်လာတဲ့ တူရကီစစ်သားတွေ၊ အစိုးရအမှုထမ်းတွေ ကျဆုံးခဲ့တဲ့နေရာ သင်္ချိုင်းတခုကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က တူရကီနိုင်ငံ တာဝန်ရှိသူတွေနဲ့ သရက်မြို့နယ် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စစ်သင်္ချိုင်း ပြုပြင်ထိန်းသိမ်းဆောင့်ရှောက်တဲ့၊ ၀န်ဆောင်မှုပဋိညာဉ်စာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ တူရကီ စစ်သင်္ချိုင်းမှာ ကျဆုံးသွားသူတဦးချင်းစီရဲ့ နာမည်၊ ရာထူး၊ နေရပ်၊ မွေးဖွားနှစ်နဲ့ သေဆုံးနှစ်၊ အသက် စတာတွေကို ရေးထိုးထားကာ အထိမ်းအမှတ်ဂူပေါင်း ၂၂၂ ခု ရှိပြီး စာအုပ်ပုံစံ ၂ ခုရှိပါတယ်။

အဲဒီတူရကီ စစ်သင်္ချိုင်းနဲ့ပတ်သက်ပြီး စကားပြန်လုပ်ပေးခဲ့တဲ့ ဒေသက သက်ကြီးရွယ်အိုတဦးက အခုလို ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ အခုလို တူရကီ စစ်သင်္ချိုင်း ၂ ခုရှိပါတယ်။ တခုက မန္တလေးမှာဖြစ်ပါတယ်။ အရင်ကတော့ ဒါတွေကို သူတို့ရဲ့ ကျန်ခဲ့တဲ့ ဆွေမျိုးတွေက ထိန်းသိမ်းလာခဲ့ပေမယ့် နောက်တော့ ထိန်းသိမ်းသူမရှိတော့ဘဲ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောဖြစ်ပြီး ပျောက်ကွယ်နေခဲ့တာ။ အခု ဒီဘက်ခေတ်မှာ ဦးသိန်းစိန် တူရကီနိုင်ငံကို သွားတော့ အဲဒီက တာဝန်ရှိသူတွေနဲ့ စကားပြောပြီး နောက်တော့ သိပ်မကြာဘူး တူရကီသံအမတ်ကြီး ဒီကိုရောက်လာပြီး ဒီကအာဏာပိုင်အဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီး အခုမျက်မြင်အတိုင်းတွေ့နေရတာ။”

အဲဒီစာချုပ် ချုပ်ဆိုပွဲကို တူရကီသံအမတ်ကြီး H.E.Mr..Murat Yavuz Ates ကိုယ်တိုင်တက်ရောက်ခဲ့ပြီး စစ်သင်္ချိုင်းကို ဒီနေ့အထိ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သရက်မြို့သူ/သားတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်၊ လမ်း၊ တံတား၊ စတာတွေကို အကူညီပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အဲဒီစစ်သင်္ချိုင်းကို ၂၀၁၄ ခု မတ်လ မှာ ပြန်လည်မွန်းမံတည်ဆောက်ခဲတာဖြစ်ပါတယ်။ အဲဒီစစ်သင်္ချိုင်းဟာ မကွေးတိုင်း၊ သရက်မြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာဝေးမှာ ရှိပါတယ်။ သရက်မြို့မှာ တူရကီ စစ်သင်္ချိုင်းအပြင် ဂျူးသင်္ချိုင်း၊အင်္ဂလိပ်သင်္ချိုင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီသင်္ချိုင်းတွေကတော့ အခုလိုပြုပြင် ပြင်ဆင်ထားတာမရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013