DVB Logo
Home
မြန်မာသတင်း
ဝဇီရာရုပ်ရှင်ရုံ အမေရိကန်အကူဖြင့် ပြန်လည်မွမ်းမံမည်
DVB
·
April 10, 2016
ဝဇီရာရုပ်ရှင်ရုံ အမေရိကန်အကူဖြင့် ပြန်လည်မွမ်းမံမည်
1 / 5
Donate to DVB

ရန်ကုန်မြို့လယ်က ၀ဇီရာရုပ်ရှင်ရုံကို အမေရိကန်သံရုံး အကူအညီ နဲ့ ပြန်လည်မွမ်းမံပြင်ဆင်သွားမယ်လို့ သံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ ပြန်လည်မွမ်းမံရေးအတွက် အမေရိကန်သံရုံးဟာ မြန်မာ့ရုပ်ရှင် အစည်းအရုံး၊ အခြားသောအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ အမြဲမပြတ်သိရဖို့အတွက် ကျနော်တို့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ထပ်မံ ဝင်ရောက်ကြည့်ကြပါဦးလို့ ရေးသားဖော်ပြထားပါတယ်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်း နိမ့်ကျသွားတဲ့အကြောင်းရင်းတွေထဲမှာ ရုပ်ရှင်ရုံတွေ နည်းပါးသွားတာလည်း အကြောင်းတချက်အနေနဲ့ ပါဝင်တယ်လို့ ရွှေအမြုတေ မဂ္ဂဇင်းအယ်ဒီတာ ဦးဝင်းငြိမ်းက ပြောပါတယ်။

“ရုပ်ရှင်အဆင့်ကျသွားတဲ့ထဲမှာ ဇာတ်လမ်းကောင်းကောင်း မရှိတော့တာလည်း တချက်ပါတယ်။ ပြီးတော့ ရုပ်ရှင်ပြဖို့ ရုံတွေ မရှိတော့တာလည်း အဓိကအချက်အနေနဲ့ ပါတယ်။ ဥပမာဗျာ စမ်းချောင်း၊ မြေနီကုန်းမှာဆိုရင် အရင်က ရုပ်ရှင်ရုံ လေးငါးရုံရှိတယ်၊ အခု တရုံမှ မရှိတော့ဘူး။”

အခု အမေရိကန်သံရုံးအကူအညီနဲ့ ပြန်ပြင်မယ့် ၀ဇီရာရုပ်ရှင်ရုံဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုးပိုင် ရုံတရုံဖြစ်ပြီး ရုပ်ရှင်မပြဘဲထားတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၀ဇီရာရုပ်ရှင်ရုံ၊ နေပြည်တော်၊ သမ္မတ စတဲ့ ရုပ်ရှင်ရုံအနည်းငယ်ပဲ ကျန်ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013