
၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အောင်နန်းချို ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကယန်းအမျိုးသားနေ့ကို နေပြည်တော်ကောင်စီ နယ်မြေရှိ အစိုးရအဖွဲ့တက်ရောက်ခဲ့သလို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ တက်ရာက် မိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်က ကယန်းအမျိုးသားနေ့ကို နေပြည်တော် ကောင်စီနယ်မြေမှာ ကျင်းပပြုရန် စီစဉ်ခဲ့သော်လည်း ပွဲရက်ကပ်မှ ကျင်းပခွင့် ပြန်လည် ပိတ်ပင်တာကြောင့် ကျင်းပခွင့် မရခဲ့ပါဘူး။
အခုကျင်းပတဲ့ ကယန်းအမျိုးသားနေ့ဟာ နေပြည်တော် ကောင်စီနယ်မြေမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတာလည်း ဖြစ်ပါတယ်။
ခွန်းတူးတူးလေး










