DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားစွာမှတ်တမ်းတင်သည်ဟု ဗကသ ပြော
DVB
·
April 10, 2016
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားစွာမှတ်တမ်းတင်သည်ဟု ဗကသ ပြော
1 / 2
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်လာအာင် လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားစွာမှတ်တမ်းတင်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဧပြီ ၉ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး သူတို့ရဲ့ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ၁၁ ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူကို မျက်ကွယ်မပြုတဲ့ လွှတ်တော်အသစ်၊ အစိုးရအသစ်နဲ့ ဆက်လက် ညှိနှိုင်းဖော်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒီအတောအတွင်းမှာပဲ ဧပြီလ ၈ ရက်က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၉၉ ဦးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၆ ဦးနဲ့ ကလေး ၂ ဦး စုစုပေါင်း ၁၉၉ ဦး ပြန်လွှတ်ပေးခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဧပြီ ၇ ရက် ထုတ်ပြန်ချက်အရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦးလောက် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပြီး အမှုရင်ဆိုင်ဆဲဦးရေမှာ အနည်းဆုံး ၄၁၄ ဦးလောက် ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာပဲ ရာနဲ့ချီတဲ့ အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်ကို လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်နေပါတယ်။ မကြာခင် ရောက်ရှိတော့မယ့် နှစ်သစ်ကူး အခါသမယမှာ  ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

12472283_1068868753154684_196018422490251605_n

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013