DVB Logo
Home
မြန်မာသတင်း
မန္တလေးသင်္ကြန် အရေးပေါ်လူနာများအတွက် အောက်စီဂျင်အိုးများ လှူဒါန်းပေးမည်
DVB
·
April 10, 2016
မန္တလေးသင်္ကြန် အရေးပေါ်လူနာများအတွက် အောက်စီဂျင်အိုးများ လှူဒါန်းပေးမည်
Donate to DVB

သင်္ကြန်ကာလအတွင်းမှာ အရေးပေါ်လူနာတွေနဲ့ အောက်စီဂျင်လိုအပ်တဲ့သူတွေအတွက် အခက်အခဲမရှိစေဖို့ အောက်စီဂျင်အိုးတွေကို ၂၄ နာရီ ဖွင့်လှစ် ငှားရန်း လှူဒါန်းပေးသွားမယ်လို့ မန္တလေးမြို့က ပုလဲပရဟိတဖောင်ဒေးရှင်းရဲ့တာဝန်ခံ ဦးပြေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

သင်္ကြန်ကာလအတွင်း အောက်စီဂျင် အသုံးပြုနေရတဲ့ လူနာတွေ အခက်အခဲမရှိစေဖို့ အောက်စီဂျင် လှောင်အိုးကြီး ၁၀၀ ကျော်ကို စုဆောင်းထားရှိသွားမှာဖြစ်ပါတယ်။

နှစ်စဉ်သင်္ကြန်ကာလမှာ အောက်စီဂျင်စက်ရုံတွေ ပိတ်လေ့ရှိတဲ့အပြင် ရာသီဥတုပူပြင်းတာရော သင်္ကြန်တွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာတွေ အတွက်ပါ အောက်စီဂျင် အခက်အခဲကြုံနိုင်တာကြောင့် အဲဒီလိုအခက်အခဲတွေမဖြစ်စေဖို့ အခုလိုကြိုတင်ကာစုဆောင်းထားတာလို့ ပြောပါတယ်။

ပုလဲပရဟိတဖောင်ဒေးရှင်းကနေ တစ်ရက်ကိုအောက်စီဂျင်အိုး ၃၀၀ လောက် လူနာတွေကို ပေးလှူနေရပြီး တစ်လကို လူနာ ၄၀၀ လောက် ပေးလှူနေတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013