DVB Logo
Home
Lead Story
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးနေမှုများ ရပ်တန့်ပေးရန် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
April 9, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးနေမှုများ ရပ်တန့်ပေးရန် ဆန္ဒပြ (ဓာတ်ပုံ)
1 / 5
Donate to DVB

ရက္ခိုင့်တပ်မတော် (အေအေ) ကို တပ်မတော်ဘက်က ထိုးစစ်ဆင်နေမှု၊ ရခိုင်ပြည်အနှံ့ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးနေမှုတွေ ရပ် တန့်ပေးဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲကို နေ့လယ် ၁ နာရီက ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုရားကြီး တောင်ကွင်းမှာစုရပ်ပြီး ဘုရားကြီးလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဦးဥတ္တမလမ်း၊ အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းအထိ ရဟန်း၊ ရှင်လူ ၂၅၀ လောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက တိုင်းရင်းသားလက်နက်အဖွဲ့အားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ရေး၊ သံသယဖြင့်ဖမ်း ဆီးခံထားရသူများ လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေမှု ရပ်တန်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ သံသယဖြင့် ဖမ်းဆီးခံရသူများကို တရားဥပဒေနဲ့အညီဖော်ဆောင်ပေးရေး၊ သံသယဖြင့် ဖမ်းဆီးခြင်း ရပ်တန့်ပေးရေး… စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပိုစတာ၊ ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒထုတ်ခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ၊ ထွန်ကြည်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013