DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ကန့်သတ်ချက်ကြာင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး နှောင့်နှေးရဟု ဦးဝင်မြင့်ပြော
DVB
·
April 9, 2016
ဖွဲ့စည်းပုံ ကန့်သတ်ချက်ကြာင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး နှောင့်နှေးရဟု ဦးဝင်မြင့်ပြော
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နှောင့်နှေးနေရတာလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့   နိုင်ငံရေးသမားတွေက အလိုရှိနေပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်တွေကြောင့် လက်ရှိအချိန်အထိ နှောင့်နှေးနေရတာလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဧပြီ ၈ ရက် ညနေပိုင်းက တာမွေမြို့နယ်နေ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

“၂၀၄ (ခ) ကျတော့ အဲ့လိုမဟုတ်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်၊ အထွေအထွေ လွတ်ငြိမ်းချမ်းသာခွင့် ခေါ်တာပေါ့နော်။ အဲ့ဒီ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကျတော့ ကျနော်အပါအ၀င်၊ တပ်မတော် ကာကွယ် ရေးဦးစီးတွေလည်းပါမယ်၊ သမ္မတလည်းပါမယ်၊ ဒုသမ္မတတွေလည်းပါမယ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းပါမယ်၊ ပြည်ထဲရေးဝန်ကြီးလည်းပါမယ်၊ ကာကွယ်ရေး ၀န်ကြီးလည်းပါမယ်၊ နောက်တခါ နယ်စပ်ရေးရာဝန်ကြီးပါမယ်၊ စသဖြင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ကျမှ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်က ပေးလို့ရမယ်။ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတာ။ ဒီတိုင်း ပေးလို့မရဘူး။ ဒီတိုင်းပေးလို့ မရတဲ့အခါကျတော့ ကျနော်တို့က လောလောဆယ်မှာလည်း ပေးချင်နေတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ ဥပဒေပါအခွင့်အရေးကို ခံစားလို့ရအောင် ပေးချင်တယ်။ လောလောဆယ်လည်း အမျိုးသားလုံခြုံရေးနဲ့၊ ကာကွယ်ရေးကောင်စီက ခေါ်နိုင်တဲ့ အနေအထားက မရှိသေးဘူး။ ဒါကြောင့်မို့ အခြေအနေအရ ကျနော်တို့ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။”

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြစ်မှုအသေးသမားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်ဖို့ ပြည်သူ့လွှတ်တော်ကရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော အခြားနည်းလမ်းတွေကို အသုံးပြုပြီး ကြိုးစားခဲ့တယ်လို့ ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

“ရှေ့နေချုပ်ရုံးကနေပြီးတော့ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ဥပဒေအရာရှိတွေထံကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ ကို ကျင့်သုံးပြီးတော့၊ အမှုတွေကို ပိတ်သိမ်းနိုင်တာရှိတယ်။ မြို့နယ်တရားသူကြီးက သဘောတူမယ်၊ သက်ဆိုင်ရာ ဥပဒေ၀န်ထမ်းကလည်း ဥပဒေအရာရှိကလည်း ပိတ်သိမ်းချင်တယ်ဆိုရင် ရတယ်။ ဒါမျိုးတွေနဲ့ ကျနော်တို့ နည်းလမ်းရှာပြီးတော့၊ ကျနော်တို့ ဆောင်ရွက်လာတာ လည်း ဒီနေ့ဆိုရင် သတင်းစာမှာပါပါတယ်။ ကျနော်တို့ မဲဆန္ဒရှင် မိဘပြည်သူတွေ သိမှာဖြစ်ပါတယ်။”

အဲဒါအပြင် ပြည်သူတွေအနေနဲ့ အမျိုးစုံသော အဆင်မပြေမှုတွေရှိလာရင် အချိန်မရွေး ပြည်သူ့လွှတ်တော်ကို တိုက်ရိုက် ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေကို ပြင်ဆင်ပေးသွားမယ်လို့ ဦးဝင်းမြင့်က တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013