DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ဓာတုဗေဒဆံပင်ဆိုးဆေး အန္တရာယ် သတိထားကြရန် တိုက်တွန်း
DVB
·
April 9, 2016
သင်္ကြန်ကာလ ဓာတုဗေဒဆံပင်ဆိုးဆေး အန္တရာယ် သတိထားကြရန် တိုက်တွန်း
1 / 2
Donate to DVB

သင်္ကြန်တွင်း အလွယ်တကူဝယ်ယူရနိုင်တဲ့ ဓာတုဗေဒဆံပင်ဆိုးဆေးတွေကြောင့် အရေပြားဓာတ်မတည့်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အရေးပြားအထူးကုဆရာဝန်က ပြောကြားပါတယ်။

သင်္ကြန်ကာလမှာ လည်ပတ်ဖို့အတွက် ဆံပင်ဆေးဆိုးတဲ့သူတွေ အနေနဲ့ အရေပြား ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပြီး ဆံပင်ဆေးဆိုးရုံတင်မဟုတ်ပဲ မျက်နှာကိုပါ ဆေးဆိုးရင်လည်း အရေပြားယားယံပြီး ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံ အရေပြားအထူးကုဆရာဝန် ဒေါက်တာလင်းထက်က    “ဆိုးဆေးတွေကို တချို့က မျက်နှာတွေမှာ ကာလာတွေခြယ်ပြီးတော့ လုပ်ကြတာ တည့်ချင်မှ တည့်မှာပေါ့။ တည့်ရင်တော့ ပြဿနာမရှိဘူး။ မတည့်လည်း မတည့်ရော မျက်နှာတွေ ရောင်ရမ်းပြီး အဖုထပြီး ကုတ်နေရကော။ အရေပြားကို အဆင်မပြေ တတ်ဘူးနော်။ ဆိုးဆေးဟူသမျှကတော့ ကောင်းတယ်လို့ ပြောလို့ မရဘူးလေ။ ဆိုးဆေး ဟူသမျှက မကောင်းတာက များပါတယ်။”

ဆံပင်ဆိုးဆေးတွေမှာ ယာယီဆိုးဆေး၊ ခေတ္တခံဆိုးဆေးနဲ့  ကြာရှည်ခံဆိုးဆေး သုံးမျိုးခွဲခြားနိုင်ပြီး ယာယီဆိုးဆေးတွေက လူကိုအန္တရာယ်ပြုနိုင်ချေ နည်းပါးပါတယ်။ ဆံပင်ဆိုးဆေးကို ခဏတာသုံးစွဲရုံမဟုတ်ပဲ ကြာရှည်သုံးစွဲရင်လည်း အရေပြားကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။

ဒေါက်တာလင်းထက်က “ဥပမာဆိုရင် ခေါင်းဆိုးဆေးတွေလေ။ ကြာကြာဆိုးရင် ဦးရေပြားကင်ဆာ ဖြစ်တတ်တယ်။ မကြာမကြာဆိုးကြတာ။ ဒီလိုသာ ခဏခဏဆိုးရင်တော့၊ ခေါင်းဆိုးဆေးဆိုတာ များသောအားဖြင့် အနည်းဆုံးတော့ တလတခါလောက် လုပ်ကြရတာများတယ်။ ကြာလာတော့ ဖြစ်ရော။ အဲ့ဒီသဘောပေါ့။””

Untitled-2 copyဓာတုဗေဒဆိုးဆေးတွေမှာပါဝင်တဲ့ ကတ္တရာကြောင့်လည်း ဦးရေပြား ဓာတ်မတည့်မှုဖြစ်ပြီး ဦးရေပြားအဖတ်လန်ခြင်း၊ အနီရောင်ခြယ် ပစ္စည်းတွင်ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းကြောင့်လည်း သွေးကြော၊ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013