DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲများ သမ္မတခန့်အပ်
DVB
·
April 8, 2016
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲများ သမ္မတခန့်အပ်
Donate to DVB

ဝ ဒေသအပါအ၀င် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ ဥက္ကဋ္ဌ တွေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ခန့်အပ်ခံရသူတွေကတော့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ (ခ) ဒီကီ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ) ဦးအိုက်မိန်းနဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချိန် တို့ဖြစ်ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌအဖြစ် ယခင် ဥက္ကဋ္ဌဟောင်း ဦးခွန်စံလွင်ကို ပြန်လည် ရွေးချယ်ခဲ့အပ်လိုက်တဲ့အတွက် ဒေသအတွက် အပြောင်းအလဲတွေ ဖြစ်မလာနိုင်ဘူးလို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အထွေထွေအတွင်းရေးမှူး ခွန်စိုးမြင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အပြောင်းအလဲတွေ ဘာမှ သိပ်မရှိလောက်ဘူးထင်ပါတယ်။ ဒေသဦးစီးဥက္ကဋ္ဌ ထပ်ဖြစ်တဲ့ ခွန်စံလွင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) ပါတီကလေ၊ အရင်တုန်းက အစိုးရကို ထောက်ခံသူဖြစ်တဲ့ အခါကျတော့ တခုခုလုပ်တော့မယ်ဆိုရင် သူတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်း တွေ ဒီစစ်တပ်တွေကို ကြည့်ပြီးတော့ လုပ်ရမှာပါဘဲ။ ဒေသဦးစီးဆိုတာက ခရိုင်အဆင့်သာသာပဲ ရှိတာပေါ့လေ။ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်က သိပ်မရှိဘူးဖြစ်နေတယ်။ အရင် အစိုးရတုန်းကတော့ သူက ကြံ့ခိုင်ရေးနဲ့ မိတ်ဖက်ဆိုတော့ ပူးပေါင်းပြီးတော့ ပြည်နယ် ဘတ်ဂျတ်လေးတွေ ဒေသဖွံ့ဖြိုးရေးလေးတွေ လုပ်ထားတာတော့ရှိတယ်၊ ရှေ့ဆက်ဆိုရင်တော့ အရင်လိုလုပ်လို့ မရတော့ပါဘူး၊ အန်အယ်လ်ဒီလွှတ်တော်ဖြစ်သွားပြီဆိုတော့။”

အစိုးရက ချပေးတဲ့ ဘတ်ဂျတ်တွေနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေးတွေဆောင်ရွက်ရာမှာ ဘတ်ဂျက် ဘယ်လောက်ရတယ် ဘယ်လိုသုံးတယ် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ပအိုဝ်းဒေသကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(အန်ဂျီအို)တွေ ပိုမိုဝင်ရောက်အောင် ဆောင်ရွက်ပေးစေချင်တယ်လို့ လည်း ပြောပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက အမည်စာရင်းတင်သွင်း ခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အညီ တာဝန်ပေးခန့်အပ်လိုက်တာလို့ ဧပြီ ၇ ရက်နေ့စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013