DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် သင်္ကြန်ကာလ တုတ်ဓားလက်နက်ပါ ဆိုင်ကယ်များ ဖမ်းဆီးမည်
DVB
·
April 8, 2016
မြိတ်တွင် သင်္ကြန်ကာလ တုတ်ဓားလက်နက်ပါ ဆိုင်ကယ်များ ဖမ်းဆီးမည်
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် Power အိတ်ဇောတတ်၊ အသံစုံဟွန်းနဲ့ တုတ်ဓားလက်နက်ပါ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးမှာ ဖြစ်ပါတယ်။

Power အိတ်ဇောတတ်၊ အသံစုံဟွန်းနဲ့ တုတ်ဓားလက်နက်ပါ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်တွေကို မြိတ်မြို့နယ် အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ဧပြီ ၆ ရက်နေ့ကစတင်ပြီး သင်္ကြန်ကာလအထိ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ဒုရဲမှူး ဦးနေ၀င်းက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း သင်္ကြန်ကာလအတွေ့အကြုံအရ မြိတ်မြို့ ကန်ဖျားမြေနီးလမ်းမှာ ရေကစားမဏ္ဍပ်တွေ များပြားမှုကြောင့် ယာဉ်ကြောပိတ်ဆို့တာနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် အခုနှစ် သင်္ကြန်ကာလမှာ တလမ်းမောင်းစနစ်နဲ့ အသုံးပြုသွားနိုင်ဖို့ ခွင့်ပြုပေးသွားမယ်လို့ ဦးနေ၀င်းက ပြောပါတယ်။

ဧပြီ ၇ ရက်နေ့ညကတော့ Power အိတ်ဇောတက်၊ အသုံစုံဟွန်းပါတဲ့ ဆိုင်ကယ်အစီးရေ ၃၀ နီးပါးလောက် ဖမ်းဆီးကာ အိတ်ဇောပိုက်တွေကို သိမ်းထားလိုက်ပါတယ်။

မောင်းနှင်သူတွေကိုတော့ ပညာပေးဟောပြောပြီး ဆိုင်ကယ်တွေကို ပြန်ပေးလိုက်ကြောင်း၊ နောက်တခါ ထပ်ပြီး ကျူးလွန်ရင် ဒဏ်ငွေနှင့် အပြစ်ဒဏ်ပေးသွားမယ်လို့ ဒုရဲမှူးက ပြောပါတယ်။

သတင်းဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013