DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများလွှတ်မည့်သတင်းကြောင့် မိသားစုဝင်များ အကျဉ်းထောင်များရှေ့ စောင့်ဆိုင်း (သတင်းဓာတ်ပုံ)
DVB
·
April 8, 2016
အကျဉ်းသားများလွှတ်မည့်သတင်းကြောင့် မိသားစုဝင်များ အကျဉ်းထောင်များရှေ့ စောင့်ဆိုင်း (သတင်းဓာတ်ပုံ)
1 / 14
Donate to DVB

ဧပြီ ၈ ရက် ဒီနေ့မှာ သမ္မတရဲ့အမိန့်နဲ့ အကျဉ်းသား ၄၀၀၀ ကျော် လွတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လွတ်မယ့်အထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံနေရသူတွေလည်း ပါမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အကျဉ်းထောင်အသီးအသီးရှေ့မှာ လွတ်နိုင်ခြေရှိတဲ့သူတွေရဲ့ မိသားစု ဆွေမျိုးတွေက သွားရောက်စောင့်ဆိုင်းနေကြတာ ရှိနေပါတယ်။

ဧပြီ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်ရေး နည်းလမ်း ၃ ရပ်နဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေကို သမ္မတအမိန့်နဲ့ လွှတ်ပိုင်ခွင့်ရှိသလို အမှုရင်ဆိုင်နေဆဲသူတွေကိုလည်း ရှေ့နေချုပ်ရဲ့ မှတ်ချက်နဲ့ တရားရုံး သဘောတူချက်ယူပြီး  အမှုကို ရုပ်သိမ်းလို့ရပါတယ်။

ဓာတ်ပုံ - လေးလေးမွန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013