DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ပြနေ
DVB
·
April 7, 2016
မြန်မာ့ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ပြနေ
Donate to DVB

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အစ ဧပြီမှ ဖေဖော်ဝါရီအတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၁၆၉ ဒသမ ၈ဝ သန်းရှိပြီး  ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၅ဝ၂၇ ဒသမ ဝ၆ သန်း ရှိခဲ့တယ်လို့  ဗဟိုစာရင်းအင်းအဖွဲ့ အစီရင်ခံစာကို ကိုးကားပြီး အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၂ဝ၁၅-၂ဝ၁၆ ဧပြီမှ ဖေဖော်ဝါရီအတွင်း နယ်စပ်ပို့ကုန် အပါအ၀င် မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပို့ကုန်တန်ဖိုးဟာ ကန်ဒေါ်လာ ၁ဝဝ၇၁ ဒသမ ၃၇ သန်းပဲရှိပြီး စုစုပေါင်းသွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၅ဝ၉၈ ဒသမ ၄၃ သန်းထိပိုများနေတဲ့အတွက် ကုန်သွယ်မှု လိုငွေပြနေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီတလထဲမှာ  မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁၇၃ ဒသမ ၂၁သန်း  သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃၆ဝ ဒသမ ၆၁ သန်းရှိခဲ့လို့ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၄ဝ သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013