DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးယာဉ် တိမ်းမှောက်၊ ၄ ဦးသေဆုံး
DVB
·
April 7, 2016
ဘုရားဖူးယာဉ် တိမ်းမှောက်၊ ၄ ဦးသေဆုံး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ဘုရားဖူး ၆ ဘီးယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ လူ ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

မိုးညှင်းမြို့ကနေ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော်ကို ဘုရားဖူး ခရီးသည် ၂၀ ကျော် တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်ဟာ ဧပြီ ၇ ရက် မနက် ၆ နာရီခွဲလောက်အချိန်က ဗန်းမောက်မြို့နဲ့ ၉ မိုင် ၃ ဖာလုံခန့်အကွာ လေသာတောင်အဆင်းမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကမ်းပါးကိုဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းပါး ၀င်တိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသူတွေ လွင့်စင်သွားပြီး ကားရှေ့ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားကာ ကျန်အမျိုးသမီး ၂ ဦးကတော့ ဆေးရုံပို့ဆောင်ခဲ့စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူတွေကိုတော့ မန္တလေးဆေးရုံးကို ပို့ဆောင်ပေးခဲ့တယ်လို့ အင်းတော်မြို့ ဒါနသုခလူမှု ကူညီရေးအသင်းဝင် ကိုကံမြင့်က ပြောပါတယ်။

“မန္တလေးကို ကလေး ၂ ယောက်၊ လူကြီး ၃ ယောက် ပို့လိုက်ရတယ်။ စေတနာလူမှုကူညီရေးအသင်းက ကားတစီး၊ မေတ္တာပါရမီက ကားတစီး၊ မြင့်မြတ်သွေးလှူရှင်အသင်းက ကားတစီး ကျနော်တို့ ဒါနသုခလူမှု ကူညီရေးအသင်းက ကားတစ်စီးနဲ့ ပို့လိုက်ရပါတယ်။ သူတို့က မိုးညှင်း ၁၀ မိုင်ကနေ ဇလုံတောင်ကို ဘုရားဖူးလာကြတာပါ၊ လူပေါင်း ၂၀ ကျော်ပါတယ်။”

ဗန်းမောက်မြို့နယ် ရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်သူကို ဥပဒေအရ အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013