DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးဝန်ကြီးဌာနအတွက် ဆရာဝန် ၁ ထောင်ကျော်ခေါ်ယူ
DVB
·
April 7, 2016
ကျန်းမာရေးဝန်ကြီးဌာနအတွက် ဆရာဝန် ၁ ထောင်ကျော်ခေါ်ယူ
Donate to DVB

သမ္မတ ဦးထင်ကျော်အစိုးရသစ် တက်လာပြီး တပတ်အတွင်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာန အတွက် ဆရာဝန် ၁ ထောင်ကျော်ကို  အလုပ်ခန့်ထားဖို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က လျှောက်လွှာခေါ်ယူလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဌာန ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတွေမှာ လစ်လပ်နေတဲ့ လက်ထောက်ဆရာဝန် နေရာ ၁၀၀၀ နဲ့ သွားဘက်ဆိုင်ရာ ဆရာဝန် ၄၂ နေရာအတွက် ခေါ်ယူလိုက်တာပါ။

လျှောက်ထားသူဟာ မြန်မာနိုင်ငံသား အသက် ၃၅ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကာ နေရာဒေသမရွေး သွားရောက် တာဝန်ထမ်းဆောင်နိုင်မယ့် M.B.B.S ဘွဲ့ရတွေနဲ့ B.D.S ဘွဲ့ရသူတွေဖြစ်ရမယ်လို့ ဆိုပါတယ်။

အလုပ်လျှောက်လွှာကိုတော့ နေပြည်တော်မှာရှိတဲ့  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး  ရုံးအမှတ် ၁၇ ကို မေလ ၁၃ ရက်နေ့အရောက် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်ကတဆင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ဧပြီ ၄ ရက် အလုပ်ကြော်ငြာမှာ ဖော်ပြထားပါတယ်။

လျှောက်ထားသူတွေထဲက နေ့ရက်အလိုက် လူတွေ့စစ်ဆေးခြင်း ခံရယူရမယ့်သူတွေရဲ့ အမည်စာရင်းတွေကို ဇွန် ၂၀ ရက်မှာ စတင်ကြေညာပေးမှာဖြစ်ပြီး လူတွေ့စစ်ဆေး တာတွေကိုတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ စတင်မယ်လို့ ဆိုပါတယ်။

အသေးစိတ်သိလိုသူတွေအနေနဲ့  ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး နေပြည်တော် တယ်လီဖုန်း ၀၆၇- ၄၀၉၄၃၀ ၊ ၀၆၇- ၄၀၉၄၃၀ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013