DVB Logo
Home
မြန်မာသတင်း
ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုတွင် မြန်မာများ ပါဝင်
DVB
·
April 7, 2016
ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုတွင် မြန်မာများ ပါဝင်
Donate to DVB

မကြာသေးခင် ရက်ပိုင်းက သန်းချီအချက်အလက်တွေနဲ့အတူ ပေါက်ကြားလာတဲ့ ပနားမား လျှို့ဝှက်အထောက်အထားတွေထဲမှာ မြန်မာနိုင်ငံက လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေထဲမှာတော့ ဦးအေးဇော်ဝင်း၊ ဦးမိုးမြင့် (ခ) မိုက်ကယ်မိုးမြင့်၊ ဒေါက်တာ ဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်တို့ ပါဝင်တယ်လို့   နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါအပြင် ဦးအောင်ကျော်မြင့်၊ ဒေါ်မြမြစိုး၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးမြင့်ဆွေတို့ ပါဝင်ပါတယ်။

နိုင်ငံခြားသားအမည်တွေနဲ့ကတော့  Ernest Howard Bolton II၊ Financecorp Limited၊ Jonathan W. Smith၊ Quamruddin Ahmed၊ William Mark Hilsmanတို့ဖြစ်ပါတယ်။

ဒီအထဲမှာ Financecorp Limitedကတော့ ကုမ္ပဏီတွေ ရာနဲချီပြီးတော့ ဆက်နွယ်နေပါတယ်။

ပါဝင်တဲ့လူတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကတော့  Chief Target Overseas၊ Sky-Link Communications၊ Compass Point Finance Ltd၊ MPRL E&P Pte၊ Siam (Canadian) China၊ Chance Best Development Ltd၊ Master Timber Corporation၊  Myint & Associates Co. Ltd၊ Asia Drilling Pte၊ G V Trading Pte Ltd၊ Winterson Intl၊ Bay Maritime Pte၊ High Returns Trading၊ Auto Transportation၊ Cairnhill Management၊ Global Business Development တို့ ဖြစ်ပါတယ်။

အခွန်ရှောင်ဖို့နဲ့ ငွေကြေး ခ၀ါချဖို့ အတွက် ကမ္ဘာတလွှားက ထင်ရှားတဲ့နိုင်ငံရေး ခေါင်းဆောင်တွေ မိသားစုတွေနဲ့ ထင်ရှားသူတွေရဲ့ ဘဏ်ငွေစာရင်းတွေကို  ပနားမားပေပါဆိုတဲ့ နာမည်နဲ့ သန်းချီ လျှို့ဝှက် အထောက်အထားတွေက မကြာခင်ရက်ပိုင်းက ပေါက်ကြားလာပါတယ်။

ပနားမားနိုင်ငံ ဥပဒေအကျိုးဆောင် မောဆတ်ဖွန်ဆက်ကာ ကုမ္ပဏီကနေ ဒီအထောက်အထားတွေ လျှို့ဝှက်ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

စာရင်းတွေထဲမှာ ရုရှားသမ္မတ ပူတင်၊ တရုတ် သမ္မတ ရှီကျင်းဖင့်နဲ့ပတ်သက်သူတွေရဲ့ ငွေစာရင်းတွေ အပြင် နာမည်ကြီး ဘောလုံးသမား မက်ဆီ၊ သရုပ်ဆောင် ဂျက်ကီချမ်းတို့ရဲ့ လျှို့ဝှက် ငွေစာရင်းတွေလည်း ပါဝင်နေပါတယ်။

ဒီပေါက်ကြားမှုကြောင့် အိုက်စလန် ၀န်ကြီးချုပ်နဲ့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေလည်း  ရာထူးကနေ နုတ်ထွက်ပေးခဲ့ရသလို ကမ္ဘာတ၀န်းကို လှုပ်လှုပ်ရှားရှား ရိုက်ခတ်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013