
ဒီနေ့ မနက်ပိုင်းက အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် ထံ ဖုန်းခေါ်ပြီး ပြည်သူ့ဆန္ဒကို ထင်ဟပ်စေတဲ့ အရပ်သားဦးဆောင်တဲ့ အစိုးရတရပ်ကို ဒီမိုကရေစီ နည်းလမ်းတကျ အာဏာလွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံရဲ့ အခုသမိုင်းဝင်ဖြစ်စဉ် အတွက် ဂုဏ်ယူဝမ်းကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ ခိုင်မာပြတ်သားတဲ့ ကြိုးစားအားထုတ်မှုများ၊ နှစ်ပေါင်းများစွာအတွင်း ကြီးမြတ်တဲ့ ကိုယ်ကျိုးစွန့်လုပ်ရပ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုတရပ် အောင်မြင် ပြီးမြောက်ခဲ့ခြင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး ရှေ့ဆက်ဆောင်ရွက်မှုတို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို သမ္မတအိုဘားမားက ကြိုဆိုပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းစည်ပင်ဝပြောတဲ့ အနာဂတ်တည်ဆောက်ရာမှာ အောင်မြင်ရေးအတွက် မြန်မာ နိုင်ငံသားတွေနဲ့အတူ မြန်မာအစိုးရကို ကူညီသွားမယ့် အမေရိကန်ရဲ့ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
(သတင်း - U.S. Embassy Rangoon)











