
ပြီးခဲ့တဲ့ မတ်လအတွင်းက တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅၀၀ လောက် သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ယာဉ်မတော်တဆမှုပေါင်း ၁၄၈၅ မှု ဖြစ်ခဲ့ပြီး ၄၉၈ ယောက် သေဆုံးခဲ့တာပါ။
ရန်ကုန်တိုင်းမှာ ၂၇၉ မှုဖြစ်ပွားတဲ့အတွက် အများဆုံးဖြစ်ပြီး လူ ၆၇ ယောက် သေဆုံးပါတယ်။ ပဲခူးတိုင်းမှာတော့ ၂၁၄ မှုဖြစ်ပြီး ၆၆ ယောက်သေဆုံးပေမယ့် မန္တလေးတိုင်းမှာလည်း ၁၈၂ မှုဖြစ်ပွားပြီး ၆၆ ယောက် သေဆုံးခဲ့တာပါ။
အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ ၈ မှုဖြစ်ပွားပြီး ၉ ယောက် ဒဏ်ရာရ၊ ၅ ယောက် သေဆုံးခဲ့ပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ ဖေဖော်ဝါရီလထက် ဖြစ်ပွားသေဆုံးတာ ပိုလာပြီး ဖေဖော်ဝါရီလအတွင်းမှာ ၁၃၆၀ မှု ဖြစ်ပြီး လူပေါင်း ၄၁၃ ယောက် သေဆုံးခဲ့တာပါ။











