DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများ အလုပ်ကျေနပ်မှု၊ လုံခြုံမှု ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော(ရုပ်သံ)
DVB
·
April 6, 2016
ဝန်ထမ်းများ အလုပ်ကျေနပ်မှု၊ လုံခြုံမှု ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော(ရုပ်သံ)
Donate to DVB


ဝန်ထမ်းတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်လို့ ကျေနပ်၊ လုံခြုံမှုရှိရမယ်လို့ ဒီနေ့ မနက်ပိုင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။

“၀န်ထမ်းများဟာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်လို့ ကျေနပ်မှုရှိရမယ်၊ လုံခြုံမှုရှိရမယ်။ Job Security နဲ့ Job satisfaction နှစ်ခုစုလုံး ရှိရမယ်။ လုံခြုံမှုရှိတာတော့ ကိုယ့်ရဲ့စည်းမျဉ်းစည်းကမ်းအရ၊ ဥပဒေအရ ကိုယ့်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို ရခြင်းအားဖြင့် လုံခြုံမှုရှိရမယ်။ ရှင်းရှင်းလင်းလင်းနဲ့ ၀န်ထမ်းများဟာ မိမိတို့ရဲ့အခွင့်အရေးတွေက ဘာလဲ၊ မိမိတို့ရဲ့ တာဝန်တွေက ဘာလဲ၊ ဥပဒေတွေက ဘာလဲ။ ဥပဒေတွေကို ချိုးဖောက်လို့ရှိရင် ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်လဲဆိုတာကိုတော့ သေသေချာချာတိတိကျကျသိပြီးတော့ ပုဂ္ဂိုလ်ရေးနဲ့ ဘာမှမဆိုင်ဘဲနဲ့ အမှန်တရား၊ ဥပဒေအရ မိမိတို့ရဲ့ဘာသာ ထိန်းကျောင်းနိုင်မယ်ဆိုလို့ရှိရင် ဒါဟာ Job Security ၀န်ထမ်းတွေရဲ့အလုပ်လုံခြုံမှုကို ရမှာဖြစ်ပါတယ်။ Job satisfaction ၊ ကျေနပ်မှုရှိတာ နောက်တဆင့် ပေါ့နော်။ လုံခြုံနိုင်မှ ကျေးနပ်မှာပါ။ အလုပ်ထဲမှာ ကျေနပ်ဖို့ဆိုတာကတော့ ကိုယ့်အလုပ်ထဲမှာ တန်ဖိုးရှိတယ်လို့ ခံစားဖို့လိုပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ တန်ဖိုးရှိတယ်၊ ကိုယ်လုပ်နေတဲ့အလုပ်ဟာ တကယ်ပဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ တိုင်းပြည်၊ ဒီကမ္ဘာကြီးကို အကျိုးပြုနိုင်မယ့်နေရာ ဖြစ်တယ်ဆိုလို့ရှိရင် ကိုယ်ကျေနပ်နိုင်ပါတယ်။ ငါဟာ အလဟဿ လူ မဟုတ်ဘူး။ ဒီမြေဒီယာ ဒီလောကမှာမွေးလာတာဟာ အကျိုးပြုဖို့ မွေးလာတာဆိုတဲ့ စိတ်ဓာတ်မျိုးကို ကိန်းဝပ်စေတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေနဲ့ ကျေနပ်မှုရှိဖို့ဆိုရင် အင်မတန်မှ အရေးကြီးပါတယ်။ ပြီးတော့ ကျေနပ်မှုရှိဖို့ဆိုရင် ပထမဦးဆုံး ဘာ့အတွက်လုပ်နေတာလဲဆိုတာ သိဖို့လိုတယ်။ စောစောက ကျမပြောသွားပါပြီ တော်တော်များများ ပြည်သူလူထုတွေရဲ့ဘ၀သက်သာဖို့အတွက်၊ လုံခြုံမှုပေးဖို့အတွက် ကိုယ်ကနေပြီးတော့ မြေ၀ယ်ထမ်းပြီး တာဝန်ထမ်းဆောင်ပေးရမယ်။ ဒါပေမယ့် အခုနိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ထမ်းတွေကျတော့ တခြားဝန်ထမ်းတွေနဲ့ မတူတာက နိုင်ငံတကာနဲ့ ပိုပြီးတော့ ဆက်ဆံဖို့ဆိုတဲ့ကိစ္စ နောက်နိုင်ငံခြားရေးဝန်ကြီးဌာနဆိုတာက တနည်းအားဖြင့် ပြောရရင် သံတမန်ပဲလို့ ပြောလို့ရပါတယ်။ သံတမန်ဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ် ပြောလို့ရှိရင် အရင်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဖေသိန်းတင်က သံတမန်ဆိုတာဘာလဲဆိုတော ရေးထားတာ အင်မတန်မှ ပြည့်စုံပါတယ်။ ထိရောက်မှုရှိပါတယ်။ အဲတော့ ကျမတို့ ဒီထဲက ၀န်ထမ်းတွေလည်း ဘယ်နှယောက်အဲဒီစာအုပ် ဖတ်ပြီးပြီလဲ။ တခါတည်းကျမပြောချင်တာက တခါတည်း ဒီစာအုပ်ဖတ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံခြားရေးရုံးက ၀န်ထမ်းတွေ သာမက နိုင်ငံတ၀ှမ်းက ၀န်ထမ်းတွေ၊ နိုင်ငံတ၀ှမ်းက ကျမတို့ ပြည်သူပြည်သားတွေက စာကို ၀ါသနာပါဖို့ စာအုပ်ကို ချစ်ခင်ဖို့၊ စာအုပ်ဖတ်တဲ့အလေ့အကျင့် ရှိလာဖို့ဆိုတာ အင်မတင်မှ အရေးကြီးပါတယ်။ အခုခေတ်က ကွန်ပျူတာခေတ်ပါ။ ကွန်ပျူတာ ခေတ်မို့လို့လည်း ကျမတို့ နိုင်ငံတင်မက ကမ္ဘာတ၀ှမ်းမှာ စာအုပ်ဖတ်တဲ့ အလေ့အထ ကျဆင်းသွားတယ်လို့ ကျမတို့ သိရပါတယ်။ ဒါက ကျမရဲ့အမြင်ပါ။ တချို့က စာအုပ်ဖတ်ဖို့မလိုဘူး။ ကွန်ပျူတာရှိတာပဲ ဂူဂလ်နှိပ်လိုက်ရင် ရတယ်လို့ထင်တယ်။ ဒါပေမယ့် စာအုပ်ဖတ်တာနဲ့ ကိုယ်လိုချင်တဲ့အဖြေ တခုကို ကွန်ပျူတာ ခလုပ်လေးနှိပ်လို့ရတာနဲ့ မတူပါဘူး။”

(ရုပ်သံ - Htet Htet Aung)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013