DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး အစိုးရနှင့်လက်တွဲဆောင်ရွက်မည်ဟု ကျားခေါင်းပါတီကြေညာ
DVB
·
April 6, 2016
ဖွဲ့စည်းပုံပြင်ဆင်ရေး အစိုးရနှင့်လက်တွဲဆောင်ရွက်မည်ဟု ကျားခေါင်းပါတီကြေညာ
Donate to DVB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့မှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေမှာ လက်ရှိအစိုးရနဲ့ရော မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း  ကျောက်မဲမြို့မှာ ဧပြီ ၃ ရက်ကနေ ၅ ရက်ထိကျင်းပတဲ့  ပါတီရဲ့ မြို့နယ်စုံညီ အစည်းအဝေးအပြီး ကြေညာလိုက်တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူအားလုံး လက်ခံနိုင်တဲ့  ဒီမိုကရေစီ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲရာမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပရှိ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၂၅ ဦးနဲ့ အသစ်ပြန်လည် ရွေးချယ်တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဦးခွန်ထွန်းဦးနဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးစိုင်းညွန့်လွင်တို့ကို ပြန်လည်တင်မြှောက်လိုက်ပါတယ်။

ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ  ကြံ့ခိုင်ရေးပါတီပြီးရင် ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံးအနိုင်ရထားပြီး ပြည်နယ်အစိုးရအဖွဲ့မှာပါဝင်ဖို့ အာဏာရ အန်အယ်လ်ဒီပါတီက ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013