DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် လေပြင်းတိုက် နေအိမ်များပြို အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
April 6, 2016
ရေစကြိုတွင် လေပြင်းတိုက် နေအိမ်များပြို အမျိုးသမီး ၁ ဦးသေဆုံး
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ထဲမှာ ဧပြီလ ၅ ရက်နေ့ ညနေက  လေပြင်းတိုက်ခတ် သွားတာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး နေအိမ်တွေ ၁၀ လုံးပြိုကျသွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

လေပြင်းတိုက်ခတ်တဲ့ အရှိန်ကြောင့် ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ၊ ပေါက္ကူ ကျေးရွာနေ  ဒေါ်ငယ် အသက် ၆၅ နှစ်ဟာ နေအိမ်အနီးရှိ  သစ်ပင် အိမ်ပေါ်လဲကျပိမိသေဆုံးသွားတာလို့ ဆိုပါတယ်။

ရွာသစ်ကျေးရွာတော့  မီးကြိုးပျက်ကျပြီး အမျိုးသားတဦး ဓာတ်လိုက်လို့ ဆေးရုံကိုပို့ဆောင်  ဆေးကုသမှု ခံယူနေရပြီး  လေပြင်းတွေကြောင့် နန်ဦးနဲ့  ထန်တောကျေးရွာတွေမှာ နေအိမ် ၁၀ လုံးပြိုကျကာ နေအိမ် ၃၃ လုံး ခေါင်မိုးတွေလံ ပျက်စီးသွားတယ်လို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ရုတ်တရက် မိုးသက်လေပြင်းတိုက်ခိုက်မှုတွေကြောင့်  စေတီပုထိုး ဘာသာရေး အဆောက်အအုံ တချို့နဲ့  စာသင်ကျောင်းတချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး တာဝါတိုင်၊ သစ်ပင်တွေလဲကျ လမ်းပိတ်ဆို့မှုတွေ ရှိခဲ့တယ်လို့  ရေစကြို လှုမှုကွန်ရက်သတင်းတွေမှာ ရေးပါတယ်။

ဓာတ်ပုံ - ရေစကြိုသတင်း လူမှုကွန်ရက်၊ ဖြိုးလေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013