DVB Logo
Home
မြန်မာသတင်း
ဒဂုံစင်တာအရောင်းဆိုင် အမျိုးသမီးဝန်ထမ်းကို ချစ်သူက ကတ်ကြေးဖြင့် ထိုး
DVB
·
April 6, 2016
ဒဂုံစင်တာအရောင်းဆိုင် အမျိုးသမီးဝန်ထမ်းကို ချစ်သူက ကတ်ကြေးဖြင့် ထိုး
Donate to DVB

ဒဂုံစင်တာအရောင်းဆိုင် အမျိုးသမီးဝန်ထမ်းတဦးအား ချစ်သူဖြစ်သူက မျက်လုံးကို ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် စမ်းချောင်းမြို့နယ် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဒီနေ့မနက် ၉ နာရီအချိန် စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်ရပ်ကွက် ဒဂုံစင်တာ(၁) ဒုတိယထပ်ရှိ ဖန်စီပစ္စည်းဆိုင်မှာ အမျိုးသမီးအရောင်းဝန်ထမ်း ဆိုင်ဖွင့်လှစ်ရောင်းချနေတုန်း ချစ်သူဟောင်း အသက် ၂၃ နှစ်အရွယ် နေဒွေးက ဆိုင်အတွင်း ၀င်ရောက်ပြီး လမ်းခွဲတဲ့ကိစ္စအတွက် မကျေနပ်တာကြောင့် ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ ရန်ကုန်ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဆိုင်ဝန်ထမ်းအမျိုးသမီးမှာ ယာမျက်လုံးပေါက်ဒဏ်ရာ၊ ၀ဲမျက်လုံးအောက်၊ ၀ဲနားထင်၊ မေးစေ့၊ ယာလက်ခုံ၊ ယာလက်ဖ၀ါး၊ ယာချိုစောင်းတို့တွင် ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင် ဆေးကုသမှုခံယူနေရပါတယ်။

စမ်းချောင်းမြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်သူ နေဒွေးကို  ဖမ်းဆီးရမိပြီး (ပ)၁၃၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇/၄၅၂/၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (သတင်းဓာတ်ပုံ - Yangon Police)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013