DVB Logo
Home
Lead Story
ဖမ်းဆီးခံ ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သံချပ်ဖြင့် ဖျော်ဖြေ (ရုပ်သံ)
DVB
·
April 6, 2016
ဖမ်းဆီးခံ ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သံချပ်ဖြင့် ဖျော်ဖြေ (ရုပ်သံ)
Donate to DVB

ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းက ၄၆ ကြိမ်မြောက် သာယာဝတီကျောင်းသားရုံးထုတ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ကေတုအိုးဝေတော်လှန် သံချပ်အဖွဲ့က လာရောက်အားပေးဖျော်ဖြေခဲ့ပါတယ်။

ဧပြီ ၅ ရက်နေ့မှာ တောင်ငူခရိုင် ဗကသ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့က သာယာဝတီမြို့နယ်တရားရုံးဝင်းအတွင်းရှိ ကျောင်းသားတွေရဲ့အမှုကို စစ်ဆေးနေတဲ့ မြို့နယ်တရားသူကြီးရုံးခန်း အရှေ့ဘက်ရှိ မြေကွက်လပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကေတု အိုးဝေ တော်လှန်သံချပ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်အချို့ဟာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့အတွက် ၂၀၁၅ ခုနှစ် သင်္ကြန်မှာ ဖျော်ဖြေနိုင်ခဲ့ခြင်း မရှိပါဘူး။
(ရိုက်ကူး - ၀ဏ္ဏထွန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013