DVB Logo
Home
မြန်မာသတင်း
အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန် တိုက်တွန်း
DVB
·
April 6, 2016
အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန် တိုက်တွန်း
1 / 2
Donate to DVB

အစိုးရသစ်အနေနဲ့ ပွဲဦးထွက်ခြေလှမ်းအဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တရပ်ကို အမြန်ဆုံး ကြေညာပေးသင့်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဧပြီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းပါတယ်။

ဒါမှသာ ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေ အပါအ၀င် မတရားဖမ်းဆီးခံထားကြရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်စေမှု၊ ယခင်အစိုးရတွေကြောင့် နိုင်ငံတကာကို ရောက်ရှိနေတဲ့ အင်အားစုတွေ ပြည်တွင်းပြန်လာခွင့် ရရှိစေမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး အသီးသီးရဲ့ ငြိမ်းချမ်းရေးတံခါး ပွင့်သွားစေမှုတွေ ဖြစ်လာမယ်လို့ ဖော်ပြပါတယ်။

အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပိတ်ဆို့ကန့်သတ်မှုအောက်မှာ စိန်ခေါ်ချက်တွေ၊ အခက်အခဲတွေ၊ အရင်အစိုးရ မီးမွှေးချန်ထားရစ်တဲ့ ပြဿနာမျိုးစုံကို ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်ထားပြီး လူမျိုးစုံပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့နဲ့ အခက်အခဲ အတားအဆီးတိုင်းကို ကျော်လွှားနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုအပ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အကြံပြုထားပါတယ်။

မဟာမိတ်တွေနဲ့ လူထုတရပ်လုံး အပြည့်အ၀ ၀န်းရံလက်တွဲ ဆောင်ရွက်မှုကို တန်ဖိုးထားစွာနဲ့ လမ်းဖွင့်ကြိုဆို ရယူနိုင်ဖို့ လိုအပ်တယ်လို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိပေမယ့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့အညီ ပေးပိုင်ခွင့် ရှိပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါ ကာလုံအဖွဲ့မှာ ရွေးကောက်ပွဲအနိုင်ရပါတီက အဖွဲ့ဝင် ၅ ဦး ရှိနေပြီး တပ်မတော်ဘက်က ၆ ဦးရှိနေတာ ဖြစ်ပါတယ်။

DPNS Announcement

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013