DVB Logo
Home
မြန်မာသတင်း
တရုတ်အစိုးရ မြန်မာအစိုးရသစ်ကို ဂုဏ်ပြု
DVB
·
April 5, 2016
တရုတ်အစိုးရ မြန်မာအစိုးရသစ်ကို ဂုဏ်ပြု
Donate to DVB

မြန်မာ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံအစိုးရသစ်ကို ဂုဏ်ပြုတာဖြစ်ပြီး နှစ်နိုင်ငံကြား ရင်းနှီးမှုဆောက်တည်ဖို့ အလေးထားပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ညနေ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “တိုတိုနဲ့ပြောရမယ်ဆိုရင် အခုဒီဝန်ကြီးက လာတယ်ဆိုတာ ကျမတို့ အစိုးရအဖွဲ့သစ်ကို ဂုဏ်ပြုဖို့၊ ကျမတို့ရဲ့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ရင်းနှီးမှုဆောက်တည်ဖို့ ဒါကို အလေးထားပြီးတော့ ပြောခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါအတွက်လာတာပါ။ တခြားကိစ္စတွေကို အသေးစိတ်ဘာမှ မဆွေးနွေးခဲ့ ပါဘူး”လို့ ပြောပါတယ်။

အစိုးရသစ်တက်ပြီး သီတင်းတပတ်အတွင်း ပြည်ပနိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ ပထမဆုံးလာရောက်ခဲ့တဲ့ အဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင်းမှာ ဖော်ဆောင်နေတဲ့ စီမံကိန်းတွေအကြောင်းကို ထည့်သွင်းပြောဆိုပေမယ့် ဆွေးနွေးခြင်းတော့မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းထောက်တွေက သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ခေတ္တဆိုင်းငံ့ထားတဲ့ မြစ်ဆုံစီမံကိန်းကိစ္စကို ဦးစားပေးမေးမြန်းခဲ့ကြပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “မြစ်ဆုံ စီမံကိန်းစာချုပ်ကို ကျမတောင် မဖတ်ရသေးဘူး။ ပြည်သူလူထုကို ချပြဖို့ ခဲယဉ်းပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013