DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်း
DVB
·
April 5, 2016
ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်း
Donate to DVB

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မယ့် ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး ကြေညာချက်ထုတ်ပြန်ပါတယ်။

ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတဦးထင်ကျော်က ဆောင်ရွက်မှာပြီး ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌတွေအဖြစ် ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တို့ ဆောင်ရွက်မှာပါ။

ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်တွေအဖြစ် ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ စာရင်းစစ်ချုပ် ဦးမော်သန်း အပါအ၀င် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုက ၀န်ကြီးချုပ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် နေပြည်တော်ကော်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း အဖွဲ့အ၀င်အဖြစ် ထားရှိပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ဌာန ၀န်ကြီး ဦးကျော်ဝင်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013