DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တက္ကသိုလ်တွင်ကျင်းပသည့် မြန်မာအပါအ၀င် ASEAN+3 နှစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
April 5, 2016
ချင်းမိုင်တက္ကသိုလ်တွင်ကျင်းပသည့်  မြန်မာအပါအ၀င် ASEAN+3 နှစ်ကူးပွဲတော် (ဓာတ်ပုံ)
1 / 12
Donate to DVB

မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေနဲ့ အာရှ ၃ နိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ဖို့ရည်ရွယ်တဲ့  ASEAN+3 ယဉ်ကျေးမှုနဲ့နှစ်သစ်ကူးပွဲတော်ကို  ဒီကနေ့ ဧပြီ ၅ ရက်နေ့ မနက်က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာကျင်းပပါတယ်။

ဒီနှစ်သစ်ကူးပွဲကို  ချင်းမိုင်တက္ကသိုလ်လူမှုဘာသာရပ်များဌာနရဲ့ အစီအစဉ်နဲ့  အာဆီယံ ၁၀ နိုင်ငံ အပါအဝင် အိန္ဒိယ၊ ကိုးရီးယား၊ ဂျပန်နိုင်ငံကိုယ်စားပြု ဘာသာရပ်ဌာနတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

ဒီနိုင်ငံတွေအထဲမှာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘာဒီးယားနဲ့ အိန္ဒိယနိုင်ငံတွေဟာ နှစ်သစ်ကူးပွဲ ကျင်းပတဲ့ အချိန်တူနေတာကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ဖို့ ပါဝင်လာကြတာလို့   ချင်းမိုင်တက္ကသိုလ်က မြန်မာစာဆရာမ ဒေါ်ယမင်းရွှေဇင်ထိုက်က ပြောပါတယ်။

“ချင်းမိုင် တက္ကသိုလ်မှာ အရှေ့တောင်အရှမှာရှိတဲ့ နိုင်ငံတွေ ဘာသာစကားတွေ ရှိကြတယ်။ မြန်မာစာလည်း တခုအပါအဝင်ပေါ့နော်။ ထိုင်းနိုင်ငံကော မြန်မာနိုင်ငံကော အာဆီယံတွေ ဆိုတော့ ဒီအချိန်ခါမှာ နှစ်သစ်ကူးအချိန်အခါလည်း ဖြစ်တယ်။ အဲ့တော့ အာဆီယံ နှစ်သစ်ကူးပွဲ ပေါ့နော်။ ကျမတို့ကတော့ အဓိက မြန်မာနှစ်သစ်ကူးပွဲကို ပြချင်တယ်လေ။ အိန္ဒိယလည်း နှစ်သစ်ကူးပွဲရှိတယ်။  အားလုံးစုပေါင်းပြီးတော့ နှစ်သစ်ကူးပွဲ ပြုလုပ်တာပါ။”

ဒီပွဲမှာပါဝင်တဲ့ မြန်မာစာဌာနအနေနဲ့ကတော့ မြန်မာရဲ့ရိုးရာယဉ်ကျေးမှုတွေကို အများသိစေဖို့နဲ့ မြန်မာနှစ်သစ်ကူးပွဲကို ဘယ်လိုကျင်းပကြတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပါဝင်တာလို့ ဆိုပါတယ်။

ဒီပွဲတော်မှာ မြန်မာရိုးရာဝတ်စုံတွေ မြန်မာအစားအစာတွေဖြစ်တဲ့ မှန့်ဟင်းခါး၊ အသုတ်စုံ အကြော်စုံစတာတွေလည်း ခင်းကျင်းရောင်းချခဲ့ကြပြီး ရောင်းရတဲ့ ငွေတွေကို ချင်းမိုင်တက္ကသိုလ်က မြန်မာ စာကြည့်တိုက်ရန်ပုံငွေအတွက် အသုံးပြုသွားဖို့ ရှိပါတယ်။

ချင်းမိုင်တက္ကသိုလ်ရဲ့ မြန်မာစာဌာနအနေနဲ့ အခုလို နှစ်သစ်ကူးပွဲတော်ကို ပါဝင်လာတာ ၄ ကြိမ်ရှိ သွားပါပြီ။ ဒီတကြိမ်မှာတော့ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာ လေ့လာနေတဲ့ ထိုင်းကျောင်းသူကျောင်းသားတွေလည်း မြန်မာရိုးရာသင်္ကြန်အကတွေနဲ့ ဖျော်ဖြေပေးခဲ့ကြသလို စိတ်ဝင်တစားလာရောက် ကြည့်ရှုသူတွေလည်း များခဲ့ပါတယ်။

(ဓာတ်ပုံ- အောင်အောင်ဖြိုး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ချင်းမိုင်တက္ကသိုလ်တွင်ကျင်းပသည့် မြန်မာအပါအ၀င် ASEAN+3 နှစ်ကူးပွဲတော် (ဓာတ်ပုံ)