ဝန်ကြီးသစ်နှင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်များကို လွှတ်တော်အတည်ပြု
DVB
·
April 5, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဧပြီလ ၄ ရက်နေ့မှာ အဆိုပြုတင်ပြတဲ့ ပြည်ထောင်စုဝန်ကြီး သစ် ဦးဖေဇင်ထွန်းနဲ့ ဒေါက်တာမျိုးသိမ်းကြီးတို့ကို လွှတ်တော်က ကန့်ကွက်သူမရှိတဲ့အတွက် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အလားတူ သမ္မတက တင်ပြထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦး နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် စီးပွားရေးတက္ကသိုလ်ပါ ချုပ်ဟောင်း ဦးမော်သန်းကို ကန့်ကွက်သူ မရှိတဲ့တွက် သူတို့တွေကို ခန့်အပ်တာဝန်ပေးဖို့ လွှတ်တော်က သဘောတူ အတည်ပြုလိုက်တယ်။