DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် သာသနာ့ဘောင် ၀င်ရောက်
DVB
·
April 5, 2016
သမ္မတဟောင်း ဦးသိန်းစိန် သာသနာ့ဘောင် ၀င်ရောက်
Donate to DVB

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ဟာ မနေ့က မနက်ပိုင်းမှာ ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ် အနီးက ဓမ္မာဓိပတိစံကျောင်းမှာ သာသနာ့ဘောင် ဝင်ရောက်ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

ဘွဲ့အမည် ဥူးသန္တိဓမ္မ ဖြစ်ပြီး ၅ ရက်ခန့် သာသနာ့ဘောင်မှာ နေထိုင်သွားမယ်လို့ ဦးသိန်းစိန်နဲ့  နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲကာလမှာ နိုင်ငံတော် သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး  ပါတီက မမျှော်လင့်တဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသိန်းစိန်အနေနဲ့ ဒုတိယသမ္မတ သက်တမ်းကို ထမ်းဆောင်ဖို့ မျှော်လင့်ချက်လည်းအဆုံးသတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ သမ္မတအသစ် ဦးထင်ကျော်ဆီကို  မတ်လအကုန်မှာ သမ္မတ ရာထူးတာဝန်ကို ကတိအတိုင်း လွှဲပြောင်းပေး ခဲ့ပြီးနောက် သာသနာ့ဘောင်သို့ ဝင်ရောက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အနေနဲ့ နိုင်ငံရေး မြင်ကွင်းကနေ ပျောက်ကွယ်သွားဖို့ မရှိသေးဘဲ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြန်လည်ဦးဆောင်ဖွယ်ရှိတယ်လို့ သူနဲ့ နီးစပ်သူတွေက မီဒီယာတွေကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013