DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
DVB
·
April 5, 2016
ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
Donate to DVB

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်းရီဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိပါတယ်။

ဧပြီ ၅ ရက်နဲ့ ၆ ရက် လာရောက်လည်ပတ်မယ့် ၂ ရက်တာ ခရီးစဉ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို အစောဆုံးလည်ပတ်တဲ့ အဆင့်မြင့်သံတမန် ဖြစ်လာပါတယ်။

စစ်အစိုးရခေတ်မှာ တရုတ်အစိုးရဟာ အမာခံမိတ်ဆွေ ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး လမ်းကြောင်းကို ဖွင့်ခဲ့ပါတယ်။

မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည် ဖိတ်ကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရပြီး သမ္မတ ဦးထင်ကျော်ကို ရွေးချယ်တဲ့အခါ အစောဆုံး ချီးကျူးဂုဏ်ပြုတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ မြန်မာတို့ကြားက ချစ်ကြည်ရင်းနှီးမှု အစဉ်အလာနဲ့ လေးနက်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်တယ်လို့ ရေးသားထားတဲ့ သ၀ဏ်လွှာကို သမ္မတ ဦးထင်ကျော်ဆီကို ပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဆိုင်းငံ့ထားတဲ့ မြစ်ဆုံစီမံကိန်း၊ အငြင်းပွားဖွယ်ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအ၀င် အမှားအခံတဲ့ ကိစ္စတွေကို ဖြေရှင်းစရာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013