DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်အကြံ​ပေး​အဖွဲ့​နှင့်​ နိုင်ငံ​ရေး​ပါတီများ​ ​တွေ့​ဆုံ
DVB
·
August 17, 2011
Donate to DVB

မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ အ​မေရိကန် အထက်လွှတ်​တော် အမတ် John Kerry ရဲ့​ နိုင်ငံခြား​ရေး​ မူဝါဒ ဆိုင်ရာ လက်​ထောက် အရာရှိ Mr. Atman Trivedi နဲ့​ ရန်ကုန်မြို့​ အ​မေရိကန်သံရုံး​ ကိုယ်စား​လှယ် အဖွဲ့​ဟာ ၂၀၁ဝ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ကြပါတယ်။

ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​မှာရှိတဲ့​ အ​မေရိကန်သံရုံး​မှာ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။

ဒီအ​ကြောင်း​ကို အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီက ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက အခုလို ​ပြောပြပါတယ်။

“John Kerry ရဲ့​ ကိုယ်စား​လှယ်နဲ့​ တနာရီခွဲ​လောက်ကြာ​အောင် ​ပြောလိုက်ရပါတယ်။ ဦး​သု​ဝေတို့​၊​ ဦး​မျိုး​ညွန့်​၊​ ဦး​ခင်​မောင်ကြီး​၊​ ရခိုင်ပါတီက ဦး​လှထွန်း​ဦး​၊​ မွန်ပါတီက နိုင်ခင်​မောင်၊​ ချင်း​ပါတီနဲ့​ ကရင်ပါတီကလည်း​ ပါတယ်။”

အကြံ​ပေး​အဖွဲ့​ခေါင်း​ဆောင်နဲ့​ အပြန်အလှန် ​ဆွေး​နွေး​ဖြစ်ကြတဲ့​ အ​ကြောင်း​တွေကိုလည်း​ ဦး​ခင်​မောင်​ဆွေက အခုလို ဆက်​ပြောပြပါတယ်။

“ကျ​နော်တို့​ကို ဒီနိုင်ငံမှာ ဖြစ်​ပေါ်တိုး​တက်မှု​တွေ ရှိသလား​လို့​ ​မေး​တော့​ ရှိတယ်။ စီး​ပွား​ရေး​ဘက်မှာ ထင်သာမြင်သာတာ​တွေ ပါလာတယ်။ အများ​အညီ စီး​ပွား​ရေး​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ဖို့​ မကြာခင် အလား​အလာ​တွေရှိတယ်။ ကုန်သွယ်မှု ကိစ္စ​တွေမှာလည်း​ ​လျှော့​ပေါ့​တာ​တွေ၊​ ကုန်ပစ္စည်း​ခြောက်မျိုး​ကို ယာယီကင်း​လွတ်ခွင့်​ ​ပေး​ပြီး​တော့​ တင်ပို့​ခွင့်​တွေ ​ပေး​နေပြီဆို​တော့​ စီး​ပွား​ရေး​ဘက်မှာ liberalization လုပ်တာ​တွေ ရှိလာ​တော့​ အ​နောက်နိုင်ငံ​တွေ ​ပြော​နေတဲ့​ စီး​ပွား​ရေး​မှာ ပြုပြင်ခြင်း​တွေ စလာပြီ။ ဒါ​ကြောင့်​မို့​လို့​ အ​မေရိကန်အ​နေနဲ့​ တဖက်က စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ဖွင့်​ပေး​ဖို့​ ပြန်လည်စဉ်း​စား​သင့်​ပြီလို့​ မှာလိုက်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013