DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်
DVB
·
April 4, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်
1 / 3
Donate to DVB

ဒီကနေ့ ရခိုင်လူငယ် ၆ ဦးကို တရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၁၇ (၂) နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ထောင်ဒဏ်ချခံရသူ ၆ ဦးမှာ ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ် ဆိုပြီး မြန်မာ့တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသူတွေ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးထွန်းလှက ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒီကနေ့ ၉ နာရီ ၁၅ မိနစ်မှာ အမိန့်ချလိုက်တာပါ။ ၆ ဦးကိုပေါ့လေ။ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသတွေမှာဖြစ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော် တိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်ဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးခဲ့တဲ့အပတ်က ၂၃ ယောက်ကို ၃ နှစ်ကနေ ၅ နှစ်အထိချ လိုက်ပါတယ်။ ဒီနေ့တော့ ၆ ယောက် ပေါ့လေ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ၅ နှစ်ချမှတ်လိုက်တဲ့ ၃ ဦးကတော့ မောင်ရွှေသီး (ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ရွာ)၊ ညီညီလှိုင် (ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်)၊ ဇင်မျိုးအောင် (ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာ) တို့ ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ ၃ ဦးကတော့ စံအေးမောင် (ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်)၊ မောင်ရွှေလုံးကျောင်းဆရာ (မင်းပြားမြိုနယ်၊ ငစရိုင်းချောင်း)၊ စံမောင်သာ (ကျောက်တော်မြို့နယ်၊ လင့်ဇင်ရွာ) တို့ ဖြစ်ကြပါတယ်။

အလားတူမတ်လ ၃၀ ရက်နဲ့ ၃၁ ရက် နေ့ကလည်း ရက္ခိုင်တပ်မတော်ဆက်သွယ်တယ်ဆိုပြီး ရခိုင်လူငယ် ၂၃ ဦးကို ထောင်ဒဏ် အသီးသီးချလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော်ကို ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ အများဆုံးမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့မှ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

(သတင်း- ဇော်ခ၊ ဓာတ်ပုံ - ကျော်လှမြင့်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013