DVB Logo
Home
မြန်မာသတင်း
ကောင်းကျိုးကိုယ်၌် တည်စေမင်း ဇာတ်ကား အကယ်ဒမီဆု အများဆုံးရရှိ (ဓာတ်ပုံ)
DVB
·
April 4, 2016
ကောင်းကျိုးကိုယ်၌် တည်စေမင်း ဇာတ်ကား အကယ်ဒမီဆု အများဆုံးရရှိ (ဓာတ်ပုံ)
1 / 16
Donate to DVB

၂၀၁၄၊ ၂၀၁၅ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ကောင်းကျိုးကိုယ်၌် တည်စေမင်းက ဇာတ်ကားနဲ့ နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားတွေက ဆုအများဆုံး ရရှိသွားပါတယ်။

ဒါ့အပြင် ၀ါရင့်သရုပ်ဆောင် ဇင်ဝိုင်း၊ ခိုင်သင်းကြည်၊ ၀တ်မှုံရွှေရည်၊ ဟာသ သရုပ်ဆောင်တွေဖြစ်တဲ့ ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံတို့က ဇာတ်ပို့ဆုတွေ ရရှိခဲ့ပါတယ်။

အကောင်းဆုံးဇာတ်ဆောင်တွေကိုတော့ စူပါတန်းဝင် မင်းသား မင်းသမီးတွေဖြစ်တဲ့ ပြေတီဦး၊ နေတိုး၊ ဖွေးဖွေး၊ ခိုင်သင်းကြည်တို့က ရရှိသွားပါတယ်။

၂၀၁၅ ခုနှစ်အတွက် နာမည်ကြီးဒါရိုက်တာ ၀ိုင်းက ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိသွားပါတယ်။

နှစ်နှစ်စာ ဆုပေါင်း ၁၈ ဆု ချီးမြှင့်ခဲ့တဲ့အထဲမှာ ကောင်းကျိုးကိုယ်၌တည်စေမင်းဇာတ်ကားက  အကောင်းဆုံးဇာတ်ကားဆုအပြင် ရုပ်ရှင် အတတ်ပညာပိုင်းဆိုင်ရာ ဆု ၃ ဆုနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု၊ နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားက အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆု၊  ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားက အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတို့ ရရှိသွားပါတယ်။

ဓာတ်ပုံ - လင်းဆက်အောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013