DVB Logo
Home
မြန်မာသတင်း
သမင်မုဆိုး ၃ ဦးကို လက်ပူးလက်ကြပ် ဖမ်းမိ
DVB
·
April 3, 2016
သမင်မုဆိုး ၃ ဦးကို လက်ပူးလက်ကြပ် ဖမ်းမိ
1 / 8
Donate to DVB

ရွှေစက်တော်ဘေးမဲ့တောအတွင်း ၀င်ရောက်ပြီး သမင်ဖမ်းဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ သမင်မုဆိုး ၃ ဦးကို သစ်တောဝန်ထမ်းတွေက လက်ပူးလက်ကြပ် ဖမ်းမိလိုက်ပါတယ်။

ဧပြီလ ၂ ရက်က မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရွှေစက်တော်ဘေးမဲ့တောနဲ့ တပ်မတော်ဝါစိုက်ခင်း အစပ်မှာ သမင်ထောင်ဖမ်းမယ့်သူ ၃ ဦးကို သမင်ဖမ်းရာမှာ သုံးတဲ့ သမင်ထောင် စတီးကွင်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ ဘေးမဲ့တောအုပ်ချုပ်ရေးမှူး သစ်တောဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုက ဒီဗွီဘီကို ပြောပါတယ်။

“အခုဟာက မနက်စာစောမှာ ဗြုန်းခနဲတိုးတာ၊မိတော့ သူတို့ သမင်ထောင်တဲ့နေရာကို လိုက်ပြခိုင်းတယ်၊ အဲ့ဒီမှာ ထောင်လျက်တန်းလန်း သံမဏိကြိုးတွေ တွေ့တယ်၊ အကွင်းပေါင်း ၄၃ ကွင်းရတယ်။ တာယာထဲက စတီးကြိုးတွေကိုဖြုတ်ပြီး ကွင်းလျှောလို လုပ်တယ်၊ သစ်ပင် အတန်းလိုက်ကို တန်းစီပြီး ဆက်တိုက် လုပ်ထားတာ။ ကွင်းတွေ ကွင်းတွေဆိုတာ အတန်းကြီးပေါ့ဗျာ။ ပြီးတော့ သူတို့တွေက သမင်ကို ခွေးအုပ်တွေ လူအုပ်တွေနဲ့ တခါတည်း မောင်းသွင်းတာ၊ ခွေးမပါလည်း အခုလို လူ ၃-၄ ယောက်က တောထဲအိပ်နေပြီးတော့ လူလစ်တဲ့အချိန်စောင့်ပြီးတော့ မနက်စောစော မောင်းသွင်းတာမျိုးလည်း လုပ်တယ်။”

အခု ဖမ်းမိတဲ့ သမင်မုဆိုး ၃ ဦးဟာ ဘေးမဲ့တောအနီးရှိ ရေဖြူတွင်းရွာက ရွာသား တွေဖြစ်ပြီး အသက်အစိတ်ခန့်ရှိတဲ့ လူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ ၃ ဦးကို သစ်တောဌာနက  တောရိုင်းတိရစ္ဆာန်နဲ့ သဘာအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၃၇ (က) အရ ပွင့်ဖြူရဲစခန်းမှ အမှုဖွင့် အရေးယူထားပါတယ်။

ရွှေစက်တော်ဘေးမဲ့တောအတွင်းရှိ ရေကန်တွေမှာ ရေခန်းခြောက်မှု ဖြစ်ပေါ်လို့ ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ရေကန်တွေကို ရေလိုက်ဖြည့်ပေးခဲ့ပြီး အဲ့ဒီ ရေကန်တွေနား ရေသောက်ဆင်းဖို့ ရောက်လာကြတဲ့ သမင်တွေကို အခုလို ထောင်ဖမ်းဖို့ ကြံစည်ကြိုးပမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အနောက်ဘက် ၂၆ မိုင်အကွာမှာ တည်ရှိတဲ့ ဧက ၁၁၄၀၀၀ ကျော် ကျယ်ဝန်းတဲ့ ဘေးမဲ့တောအတွင်း သမင်အကောင်ရေ ၁၅၀၀ လောက်ရှိနေပြီး သမင်မုဆိုးတွေက ဖမ်းမိတဲ့ သမင်တွေကိုသတ်ပြီး ချိုနဲ့ အသားကို ရောင်းစားကြပါတယ်။

ရွှေစက်တော် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးအေးချိုကတော့ သူတာဝန်ယူတဲ့ ၂ နှစ်အတွင်း သမင်မုဆိုးတွေကို ဒါ ပထမဆုံးအကြိမ် ဖမ်းမိတာလို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013