DVB Logo
Home
မြန်မာသတင်း
ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရန် အကယ်ဒမီသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 3, 2016
ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရန် အကယ်ဒမီသ၀ဏ်လွှာတွင်  ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အောင်မြင်တဲ့ ရုပ်ရှင်ကားတခု ဖန်တီးသလိုပဲ တိုင်းသူပြည်သားအားလုံးက ကိုယ်ကျရာနေ ရာက ကိုယ့်တာဝန်ကျေပွန်အောင်လုပ်ဆောင်ကြရင် နိုင်ငံမလွဲမသွေ တိုးတက်ပြောင်း လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၃ ရက် ဒီနေ့ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ သူက “ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ မေတ္တာနဲ့သူရာ ဇာတ်ကားကနေ အခုခေတ် ကျမက နှင်းဆီပါမောင် ဇာတ်ကားအဆုံး ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းတလျှောက် အတွေ့အကြုံတွေ စိမ်ခေါ်မှုတွေ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ အမျိုးစုံကြုံတွေ့ခဲ့ရပြီးပြီ၊ အခုလို ပိုပြီး ပွင့်လင်းလာတော့မယ့်ခေတ်မှာ ရုပ်ရှင်လောကတခုလုံး အနုပညာရော အတတ်ပညာပါ ပိုပြီး တိုးတက်အောင်မြင်လာမယ်” လို့ မျှော်လင့်မိကြောင်းလည်း ရေးသားထားပါတယ်။

တိုင်းပြည်ပြောင်းလဲချိန်တန်ပြီဖြစ်လို့ တိုင်းသူပြည်သားတွေ ကိုယ့်တာဝန်ကိုယ်ကျေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲကို သူမတက်နိုင်တဲ့အတွက် တောင်းပန်လိုက်ပြီး ရုပ်ရှင်ဟာ လူထုကြား အထိုးဖောက်နိုင်ဆုံးနဲ့ သြဇာ သက်ရောက်မှုအရှိဆုံးလို့လည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

လာမယ့် ၂၀၂၀မှာ မြန်မာ့ရုပ်ရှင်သက်တမ်း နှစ် ၁၀၀ပြည့်တော့မယ့်အကြောင်းလည်း သ၀ဏ်လွှာထဲ ဖော်ပြပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ရှင်အကယ်ဒမီပွဲသ၀ဏ်လွှာကို ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ဖတ်ကြားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013