DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် လက်နက်များနှင့်အမျိုးသား ၄ ဦးကို ဖမ်းမိ
DVB
·
April 3, 2016
ကလေးမြို့တွင် လက်နက်များနှင့်အမျိုးသား ၄ ဦးကို ဖမ်းမိ
1 / 5
Donate to DVB

ကလေးမြို့မှာ ဧပြီ ၃ ရက်နေ့ မနက် ၃ နာရီခွဲလောက်က တူးမီးလက်နက်တွေနဲ့ အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။

လက်ဖြစ် သေနတ် ၄ လက်နဲ့အတူ အမျိုးသား လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ကြန်အကြိုကာလ မှုခင်းလျော့နည်းရေး လှည့်ကင်းတွေ ပြုလုပ်နေတုန်းမှာ တာဝန်သိပြည်သူ အချို့က သေနတ်တွေ ကိုင်ပြီး ဝင်ထွက်သွားလာနေကြောင်း သတင်းပေးလာလို့ မနက်အစောကြီး ရှုခင်းသာရွာ သွားလမ်းပေါ်မှာ စောင့်ဖမ်းခဲ့တာလို့ ကလေးမြို့ လက်ပန်ချောင်း လှုပ်ရှား ရဲကင်းမှူး တပ်ကြပ်ကြီး အောင်လိန်းကေက ပြောပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ လက်လုပ် တူးမီးသေနတ်တွေမှာ ယမ်းထိုးသေနတ် တလက်ပါခဲ့ပြီး ကျန်သုံးလက်မှာ အဆင့်မြင့် ခါးချိုး ကျည်တောင့်ထည့် သေနတ်တွေဖြစ်ပြီး ကိုက် ၂၀၀ အတွင်း အကွာအဝေးထိ ထိုးဖောက်အားကောင်းတဲ့ သေနတ်မျိုးတွေ ဖြစ်ကြောင်းလည်း တပ်ကြပ်ကြီးအောင်လိန်းကေ ပြောပါတယ်။

အဆိုပါ သေနတ်တွေကို ကလေးမြို့တောင်ပိုင်း ချင်းပြည်နယ်အစပ်မှာ ရှိတဲ့ ရှုခင်းသာရွာသွား လမ်းမပေါ်ရှိ အောင်ရွာနားကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သေနတ်လက်နက် ၄ လက်နဲ့အတူ လက်ပန်ချောင်းရွာနေ မန်ထားလွယ်၊ လားလမ်းလျှန်၊ ဒါလ်းနေကား နဲ့အတူ ဗျက်ဆွမ်းဆိုတဲ့ အမျိုးသာ လေးဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလူ ၄ ဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှု သေနတ်လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ကလေးမြို့နယ်ရဲတပ်ဖွဲ့က အမြန်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း ကလေးမြို့ ရွှေဝါလင်း ရွှေဆိုင်မှာ လက်နက်အသုံးပြု လုယက်မှုဖြစ်ပွားခဲ့တုန်းကလည်း အခုလို လက်နက်မျိုးတွေနဲ့ လုယက်ခဲ့တာ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013