DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်လုပ်ရန် မသေချာကြောင်း မြို့တော်ဝန်ပြော
DVB
·
April 3, 2016
နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်လုပ်ရန် မသေချာကြောင်း မြို့တော်ဝန်ပြော
Donate to DVB

လာမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ မြို့တော်ဝန်မဏ္ဍပ်လုပ်ဖို့ မသေချာဘူးလို့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

"ခုတော့ ကိုယ်ပိုင်မဏ္ဍပ်တွေ စီစဉ်ထားတာ၊ အတည်ပြုထားတာ ရှိတယ်။ ဒီနေ့တောင် ၂ ရက်ရှိနေပြီ။ အရင်ကဆိုရင် မတ်လ ဒုတိယပတ်လောက်က စပြီး စီစဉ်ရတယ်။ လုပ်မယ်ဆိုရင် ကသီလင်တနိုင်မယ်လို့ ဒီနေ့ ပဏာမ တွေ့ဆုံမေးမြန်းတဲ့အခါ သိရတဲ့အတွက် ဒီနှစ်လည်း မလုပ်ဘူးလို့ ယာယီ စဉ်စားထားကြပါတယ်" လို့ သူက ပြောပါတယ်။

နေပြည်တော် ဟိုတယ်ဇုန်မှာတော့ လက်ရှိ စကိုင်နက် (ရွှေသံလွင်) နဲ့ ACE ကုမ္ပဏီတို့ရဲ့ မဏ္ဍပ် ၂ ခု ဆောက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ နေပြည်တော်မှာ သင်္ကြန်ရေကစားမဏ္ဍပ် ၆ ခုလောက် ရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကို သီးခြားမလုပ်တော့သလို မြို့တော်ဝန်မဏ္ဍပ်ဆိုပြီိးလည်း အမည်မတပ်ဘဲ ရန်ကုန်မြို့တော်ဗပာိုမဏ္ဍပ်လို့ အမည်ပေးပြီး  မြို့တော်ခန်းမရှေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က ကန်တော်ကြီးပတ်လမ်းမှာ စီးပွားဖြစ် ဆောင်ရွက်နေတဲ့ မဏ္ဍပ်တွေ ဆောက်မယ့်ကိစ္စကိုလည်း ခွင့်မပြုတော့ဘူးလို့ ကြေညာထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013