DVB Logo
Home
မြန်မာသတင်း
ခင်ဝမ်း အမှတ်တရ သီချင်းဆိုပြိုင်ပွဲ ပြုလုပ်
DVB
·
April 2, 2016
ခင်ဝမ်း အမှတ်တရ သီချင်းဆိုပြိုင်ပွဲ ပြုလုပ်
1 / 10
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ တေးရေး၊ တေးဆို၊ ပန်းချီ အနုပညာဖန်တီးသူ ခင်ဝမ်းရဲ့ အမှတ်တရ သီချင်းဆိုပြိုင်ပွဲတခုကို ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

တေးရေး၊ တေးဆိုအနေနဲ့သာ လူသိများသူတယောက်ဖြစ်တဲ့အတွက် ခင်ဝမ်းကိုယ်တိုင်ရေးသား သီဆိုထားတဲ့ သီချင်းတွေကို ဒီနေ့ခေတ်လူငယ်တွေ သိစေဖို့နဲ့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ အလွမ်းပြေစေဖို့ ဒီပြိုင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲလုပ်ရတာနဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကိုခင်ဝမ်းရဲ့ သမီးဖြစ်သူ မဂျူလိုင်သီက “အခုခေတ်လူငယ်တွေ အဖေဖန်တီထားတဲ့ ကိုယ်ပိုင်သံစဉ်တွေကို မြတ်နိုးတန်ဖိုးထားတပ်စေဖို့နဲ့ နောက်တခုက အဖေ့ နာမည်နဲ့ ဖောင်ဒေးရှင်းတခုလုပ်ပြီး တိုင်းပြည်ရဲ့ လိုအပ်တဲ့ နေရာတွေမှာ ကူညီလှူဒါန်းချင်လို့လုပ်တာပါ” လို့ ပြောပါတယ်။

ပြိုင်ပွဲမှာ ၀င်ကြေးကို ၅၀၀၀ ကျပ်သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်မယ့်သူတွေက ခင်ဝမ်းသီချင်း ၅ ပုဒ်ကို အသံစစ်ဆေးပွဲမတိုင်ခင် လေ့လာထားရမှာဖြစ်ပြီး မတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေကျရင် အသံလုံခန်းတခုမှာ ကိုခင်ဝမ်းနဲ့အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တဲ့ ဒိုင် ၃ ယောက်က နောက်ခံတီးလုံးမပါဘဲ အလွတ် ဆိုပုံစံနဲ့ အသံစစ်ဆေးခဲ့ပြီး ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူ ၅၀ ထဲကနေ စကာတင် ပဏာမ အယောက် ၁၅ ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကနေမှ ဇကာတင် ၄ ယောက်ရွေးခဲ့ပြီး ဧပြီ ၁ ရက်နေ့ ပွဲကြီးမှာတော့ ပထမ၊ ဒုတိယ၊ တတိယ နဲ့ နှစ်သိမ့်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ပြိုင်ပွဲနေ့မှာ T-Shirt၊ ခင်ဝမ်းဓာတ်ပုံပါတဲ့ ကော်ဖီခွက်တွေနဲ့ ခင်ဝမ်းတေးသီချင်းတွေကို MP3 ခွေတွေအဖြစ် ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့ကြပါတယ်။

အဲဒီပွဲကို ပြည်မြို့ ကမ်းနားလမ်း ဧရာဦးခန်းမမှာ ညနေ ၅ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - မင်းညို

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013