DVB Logo
Home
မြန်မာသတင်း
ထိုင်းကုမ္ပဏီက မြန်မာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ခု တည်ဆောက်မည်
DVB
·
April 2, 2016
ထိုင်းကုမ္ပဏီက မြန်မာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ခု တည်ဆောက်မည်
Donate to DVB

ထိုင်းနိုင်ငံအခြေစိုက် ဂျီပီအက်စ်စီကုမ္ပဏီ (Global Power Synergy Co) ဟာ မြန်မာနိုင်ငံမှာ မဂ္ဂါဝပ် ၃၀၀၀ နီးပါး လည်ပတ်ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓာတ်အားစက်ရုံ ၃ ခု တည်ဆောက်နိုင်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် တုမ် ချိုင်ဘမ်နက်က ပြောပါတယ်။

ဒါဟာ ကုမ္ပဏီအနေနဲ့ လိုအပ်တဲ့ စဉ်ဆက်မပြတ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး အစီ အစဉ်အရ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်တာကာလ အစီအစဉ်ရဲ့ တိုးချဲ့မယ့် လုပ်ငန်းအစိတ်အပိုင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဂျီပီအက်စ်စီဟာ မြန်မာအစိုးရနဲ့ သဘောတူညီမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံနဲ့ ၅၀၀ မဂ္ဂါဝပ်နဲ့ ၄၀၀ မဂ္ဂါဝပ်စီ အသီးသီးထုတ်လုပ်နိုင်မယ့် သ ဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံကို တည်ဆောက်သွားမယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

“ကျနော်တို့အနေနဲ့ သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အရင်ဆုံးဆွေးနွေးသွားမှာပါ” လို့ တုမ်ချိုင်က ပြောပါတယ်။

ကုမ္ပဏီဟာ လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ရှာဖွေနေတာပါ။

သူက လာမယ့် ၅ နှစ်တာကာလ အာဆီယံဒေသတွင်း လျှပ်စစ် စွမ်းအားကဏ္ဍမှာ ဘတ်ငွေ ၁၈ သန်းထိ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဒါဟာ လက်ရှိသုံးစွဲ ရရှိနိုင်တဲ့ လျှပ်စစ်စွမ်းအင်မဂ္ဂါဝပ် ၁၃၇၆ ကနေ လာမယ့် ၂၀၁၉ ခုနှစ်မှာ ၂၈၀၀ မဂ္ဂါဝပ်ထိ ရရှိလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျီပီအက်စ်စီကုမ္ပဏီဟာ လာအိုနိုင်ငံမှာလည်း ၆၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် ရေ အားလျှပ်စစ်စက်ရုံစီမံကိန်းတခု တည်ဆောက်နေပြီး လာမယ့်နှစ်မှာ စတင်လည်ပတ်နိုင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013