DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၏ ပထမဆုံးမိန့်ခွန်း (ရုပ်သံ)
DVB
·
April 2, 2016
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၏ ပထမဆုံးမိန့်ခွန်း (ရုပ်သံ)
Donate to DVB

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမမြောက်နေ့အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တရားဥပဒေစိုးမိုးရေး ကို အဓိကလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆန်စပါး နိုင်ငံခြားတင်ပို့နိုင်အောင် ဈေးကွက်ရှာဖွေပြီး လယ်သမားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မွေးမြူရေးတွေနဲ့ပတ်သက်ပြီးတော့လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013