DVB Logo
Home
Lead Story
တရုတ်ဘက်တွင် ဖမ်းဆီးနေ၍ မြန်မာ့ဆန်တင်ပို့မှု အခက်အခဲကြုံနေ
DVB
·
April 1, 2016
တရုတ်ဘက်တွင် ဖမ်းဆီးနေ၍ မြန်မာ့ဆန်တင်ပို့မှု အခက်အခဲကြုံနေ
Donate to DVB

ပြည်ပဆန်တင်ပို့မှု အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေဟာ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွေထံမှာ  တင်ပြ အကူအညီတောင်းခံကြပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဆန်တင်ပို့ရာမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်တို့ကို နေပြည်တော်မှာ သီးခြားစီတွေ့ဆုံ အကူအညီတောင်းကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်နဲ့ ပြောင်း တင်ပို့မှုမှာ တရုတ်နိုင်ငံဟာ အဓိက၀ယ်လက်ဖြစ်ပါတယ်။ မြန်မာ့ဆန်တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်း၊ ပြောင်းတင်ပို့မှုရဲ့ ၉၉ ရာခိုင်နှုန်းက တရုတ်ကို တင်ပို့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က တရားဝင် တင်ပို့တာဖြစ်ပေမယ့် တရုတ်နိုင်ငံ ဘက်က တရားဝင်တင်သွင်းခွင့် မပြုလို့ ဖမ်းဆီးတာဖြစ်ပါတယ်။

ဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ စီးပွားကူသန်းဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြပါသလဲရှင်။  

“လက်ရှိ ကျနော်တို့ တိုင်းပြည်ကနေပြီးတော့ အင်ဒိုနီးရှားကို ဆန်တင်ပို့ခဲ့တာပေါ့နော်။ ဟိုမှာ သင်္ဘောချလို့မရဘူး။ ကျနော်တို့ ပြဿ    နာတခုဖြစ်နေတာပေါ့နော်။ ဆန်တန်ချိန် ၁ သောင်း ၄ ထောင်။ အဲဒီဟာဖြစ်တဲ့ အခါကျတော့ ကျနော်တို့ တိုင်းပြည်ကို သူတို့က ပြန်ပို့ဖို့ ပြောနေတယ်။ ပြောတော့ ဆန်တန်ချိန် ၁ သောင်း ၄ ထောင်ဆိုရင် တန်ဖိုးက ဒေါ်လာ ၈ သန်းလောက်။ နောက်တချက်ကလည်း ပထမဆုံးအကြိမ် G to G (အစိုးရချင်းသဘောတူညီချက်)  ကျနော်တို့ အင်ဒိုနီးရှားကို ပြန်ပို့တာပေါ့။ ပိုတဲ့အခါမှာ သူတို့ အဓိက ထောက်ပြတဲ့အချက်ကတော့ ကျနော်တို့ ဆီမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနနဲ့ သူတို့ဆီမှာရှိတဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်လက်မှတ် မထိုးထားတော့ဘူးပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ သူက အရင် အာဆီယံနိုင်ငံတွေကို အကြောင်းကြားထားတယ်ပေါ့နော်။ ဒါတွေဆောင်ရွက်ဖို့။ ကျနော်တို့က ဒါမထိုးခဲ့ဘူး။  ကျနော်တို့ဆီက ဒါထိုးထားတာ မရှိခဲ့ဘူးပေါ့နော်။ ကျနော်တို့ဆန်စပါး အသင်းချုပ်ကလည်း ဒါကို မသိလိုက်ဘူး။ မသိဘဲ ပို့လိုက်တဲ့အခါကျတော့ ဟိုမှာ သွားပြီးတော့ ပြဿ  နာတက်နေတာပေါ့နော်။ ချခွင့်မပေးတာပေါ့နော်။ အဲဒီပြဿ နာတွေကို တင်ပြတယ်။ စီးပွားကူးသန်းလည်း တင်ပြတယ်။ စီးပွားကူးသန်းကလည်း ဆောင်ရွက်ပေးမယ်။ နောက်တဖက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း သူက ပြဿ   နာ ၂ ခုဖြစ်နေတာပေါ့။ တခုကတော့ လက်မှတ်မထိုးဟာအတွက် ပြဿ  နာရယ်။ နောက်တချက်ကတော့ သူတို့မှာ ပူးလော့ ဆိုတာကလည်း အစိုးရကနေ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီပေါ့နော်။ ဒီကုမ္ပဏီကလည်း သူတို့ရဲ့ ဆန်တင်ပို့တဲ့ လိုင်စင်သက်တမ်းကလည်း မတ်လ ၃၁ ရက်မှာ ကုန်သွားပြီပေါ့နော်။ ကုန်သွားတဲ့အတွက်ကြောင့် သူတိုရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကိုလည်း ညှိနှိုင်းဖို့ လိုတယ်ဆိုတော့ ပြောရမယ်ဆိုရင် ၀န်ကြီးဌာန ၂ ခုနှစ် ညှိရမယ့် အပိုင်းဖြစ်နေတာပေါ့နော်။ ဒီလို အလားတူဖြစ်စဉ်မျိုးက အရင်တုန်းက ဗီယက်နန်နိုင်ငံက ဖြစ်ဖူးတယ်။ ဖြစ်တုန်းကတော့ အဆင်ပြေသွားတယ်။ ကျနော်တို့နိုင်ငံမှာ လုပ်တဲ့အခါကျတော့လည်း အဆင်မပြေဘူး။ ကျနော်တို့က လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ သံအမတ်မရှိဘူး။ မရှိတဲ့အခါကျတော့ အာဆီယံသံအမတ်ကနေပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ပြောတယ်။ ဒါလေးတွေ အခက်အခဲရှိတော့ ကျနော်တို့က စီးပွားကူသန်းလည်း တင်ပြခြင်းဖြစ်တယ်။ နောက်သူ့နဲ့ ဆက်နွှယ်တဲ့ လည်ဆည်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျနော်တို့ တင်ပြရတာ။ ဒါလေးကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပေါ့နော်။”

ဒီလိုတင်ပြတဲ့အခါမှာ  သူတို့ ဘယ်လိုလုပ်ဆောင်ပေးလဲလို့ ပြောလဲ။

“အမြန်ဆုံးဆောင်ရွက်ပေးမယ်ပေါ့နော်။ စီးပွားကူးသန်းကလည်း ဒါ ပထမဆုံး ကက်ဘိနက်ကို သူတို့တင်ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ နောက် ကျန်တဲ့ ဆန်စပါးကုန်သွယ်မှုအပိုင်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်။ ကျနော်တို့ ဆန်စပါးအသင်းချုပ်အနေနဲ့လည်း နောက်တပတ်မှာ ဆွေးနွေးပြီး ရက် ၁၀၀ စီပွားရေး စီမံကိန်းမှာ ကျနော်တို့ရဲ့ import ပါဖို့ပေါ့နော်။ နောက်တပတ်မှာဆွေးနွေးဖို့ ကျနော်တို့ စီးပွားကူးသန်းနဲ့ ထပ်တွေ့ဖို့ပေါ့နော်။”

လက်ရှိ တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ ဆန်တင်ပို့မှုပြဿ     နာကကော။

“အဲဒါလည်း ဆွေးနွေးပါတယ်။ ကျနော်တို့အနေနဲ့ တင်ပြတဲ့အခါကျတော့ သူတို့ သက်ဆိုင်ရာ သံအမတ်နဲ့လည်း တွေ့ဖို့ရှိတယ်ပေါ့နော်။ ပေါ့လစ်ဗျူရိုကလည်း လာဖို့ ရှိနေတယ်ပေါ့နော်။ အရာရှိတဦးလာမယ်။ ဒါ ကျနော်တို့ အခုလောလောဆယ် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးဖို့အတွက်လည်း ဒါဆောင်ရွက်ပေးမယ့်ဟာပေါ့နော်။ ဒါက တရားဝင် ဆန်တင်သွင်းခွင့်ပေးပါတို့၊ ပြောင်းသွင်းခွင့်ပေးပါတို့ တောင်းဆိုလို့ မရပေမယ့်လည်း နှစ်နိုင်ငံ သံတမန်နည်းလမ်းအရတော့ ဆောင်ရွက်ပေးဖို့လည်း ပြောပါတယ်။ ”

အခုလောလောဆယ် တရုတ်-မြန်မာနယ်စပ်မှာ ဘယ်လို ပြဿ      နာတွေဖြစ်နေလို့လဲ။

“တရုတ်နယ်စပ်မှာ အဓိက ပြဿ   နာဖြစ်နေတာကတော့ အစိုးရသစ်တက်ခါနီး နှစ်ပတ် သုံးပတ်လောက်အတွင်းမှာ တရုတ်ဘက်က ကျနော်တို့ နိုင်ငံက တင်သွင်းတဲ့ ပြောင်းတို့ဆန်တို့ကို ဖမ်းဆီးမှုလုပ်နေတယ်။ ဗဟိုအစိုးရကနေပြီးတော့ အထူးအဖွဲ့ဖွဲ့စည်း ဖမ်းဆီးအရေးယူနေတာပေါ့နော်။ ကျနော်တို့နိုင်ငံရဲ့ ပြောင်း ၉၉ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကိုသွားတာ။ ကျနော်တို့ရဲ့ဆန် ၈၀ ရာခိုင်နှုန်းက တရုတ်ပြည်ကိုပို့တာ။ လက်ရှိအနေအထားမှာ ကျနော်တို့ဆီမှာ နွေစပါးပေါ်နေတာပေါ့နော်။ တရုတ်နိုင်ငံက ဆန်မ၀ယ်တော့တဲ့အတွက်ကြောင့်မို့လို့ ဘာပြဿ နာတွေရှိလာလဲဆိုတော့ ဆန်သာမ၀ယ်ဘူးဆိုရင် လက်ရှိစပါးဈေးကျမှာပေါ။ စပါးစပေါ်တုန်းကတော့ ၅ သိန်းခွဲ၊ ၆ သိန်းပေးပေမယ့် အခုဆိုရင် ၅ သိန်းဖြစ်လာပြီ။ ဆက်ပြီး ပိတ်နေမယ်ဆိုရင် ဒီနွေစပါးဈေးကလည်း ကျလာမယ့်အနေအထားရှိတာပေါ့နော်။ နွေစပါးဈေးကျလာတဲ့အခါကျရင် ဒီတိုင်းသွာရင် နောက်လေးငါးရက် တပတ်လောက်ကြာရင် စပါးဈေးက ၄ သိန်းဈေးလောက်ပဲ ဖြစ်သွားနိုင်တယ်။ တောင်သူတွေအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်က မကာမိဖြစ်မှာပေါ့နော်။ ဒါကိုလည်း ကျနော်တို့က စီမံချက်တရပ်အနေနဲ့ စဉ်စားပြီးတော့မှ အရန်ဆန်ဝယ်ပေးတဲ့ အစီစဉ်ဆောင်ရွက်နိုင်မလားပေါ့။ ဒါတွေကိုလည်း စဉ်းစားပေးဖို့  ကျနော်တို့အနေနဲ့ ဆွေးနွေးခဲ့တာပေါ့။”

အစိုးရသစ်အနေနဲ့ ဘယ်တော့ သံအမတ်တွေနဲ့ တွေ့ဖို့ရှိလဲ။   

“နောက်အပတ်မှာ တရုတ်သံအမတ်နဲ့လည်း တွေ့ဖို့ရှိတယ်။ အဲဒီအပြင် တရုတ်က ပေါလစ်ဗျူရိုအဖွဲ့ဝင်တယောက်လည်း ဖိတ်ခေါ်လာဖို့ရှိတော့ အဲဒီဟာနဲ့ကျရင် ညှိနှိုင်းဆွေးနွေးပေးဖို့တော့ ရှိတယ်။”

“တခြားကတော့ ကျနော်တို့ ဒီမူဆယ်နယ်စပ်မှာ လယ်ထွန်စက်နဲ့ မော်တော်ယာဉ်တင်သွင်းခွင့် ပိတ်ဆို့ထားတာပေါ့နော်။ လိုင်စင်ရပြီးသား အစီးပေါင်း ၁၄၅၀၀ လောက်ကို ပိတ်ထားတာရှိတယ်။ ဒါလည်း ကချင်ပြည်နယ်မှာ ပြဿ   နာတက်ပြီး ညွှန်ချုပ် ၂ ယောက်ပြုတ်သွားတဲ့ ပြဿ  နာနဲ့ သက်ဆိုင်တယ်။ ပုံမှန်တင်သွင်းတဲ့ဟာတွေပါ အကုန်လုံး ပိတ်ထားလိုက်တယ်။ ဒါကြောင့် နစ်နာမှုတွေရှိတယ်။ တချို့က ကုမ္ပဏီတွေအနေနဲ့ အစိုးရဌာနကို သွင်းဖို့တို့၊ တချို့တွေက ကုမ္ပဏီအချင်းချင်း စာချုပ်ချုပ်ထားတယ်။ ဒါတွေ သုံးလေးလလောက် ဖြစ်နေတဲ့အခါကျတော့ အများကြီး နစ်နာဆုံးရှုံးတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း စီးပွားကူးသန်းက လိုင်စင်ထုတ်ပေးတဲ့အတွက်ကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်။ ဒါကိုလည်း သင်္ကြန်မတိုင်ခင် ရှင်းပေးမယ်လို့တော့ ၀န်ကြီးက ပြောပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013