DVB Logo
Home
မြန်မာသတင်း
၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ရန်ကြိုးစားသည့် စစ်သားတဦးကို ဖမ်းဆီး
DVB
·
April 1, 2016
၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ရန်ကြိုးစားသည့် စစ်သားတဦးကို ဖမ်းဆီး
Donate to DVB

အသက် ၅ နှစ်အရွယ် ကလေးမတဦးကို လိင်ပိုင်းဆိုင်ရာမုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အတွက် တပ်မတော်သားတဦးကို မြောက်ဦးရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ၀သဲရပ်ကွက်နေ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးကို  ထပရ ၈၂၈ မြောက်ဦးမြို့ တပ်သားထွန်းလှိုင်က ကလေးမလေး အိပ်နေတုန်း ရောက်ရှိလာပြီး မုဒိမ်းကျင့်ဖို့ ကြိုးစားစဉ် ဘေးပတ်ဝန်းကျင်က သိရှိကာ ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့ပါ။ ဖြစ်စဉ်က မှန်ပါတယ်။ မနေ့ည ၈ နာရီကျော်လောက်မှာပေါ့လေ။ ၀သဲရပ်ကွက်မှာရှိတဲ့ အိမ်မှာပေါ့။ အဲ့ဒီမှာ ထမင်းဆိုင်ရှိတယ်။ ကလေးမလေးက ၅ နှစ် ကလေးပေါ့လေ သူက အိပ်နေတာ။ ၂၁ နှစ်ရှိတဲ့ ကောင်လေးက ရောက်လာတာပေါ့လေ။ သူ့ကို ပါးစပ်ပိတ်ပြီးတော့ ခေါ်သွားတယ်။ အဲ့လို့ကျင့်မလို့လုပ်နေတုန်း ကလေးမလေးက အော် လိုက်တာပေါ့လေ။ ဒါကို ဘေးပတ်ဝန်းကျင်က လူတွေကြားတော့ ၀ိုင်းလာကြပြီးတော့ ဖမ်းချုပ်လိုက်တယ်ပေါ့လေ။”

မုဒိမ်းကျင့်ဖို့ ကြိုးစားခံခဲ့ရတဲ့ကလေးမမှာ တပ်သားရဲ့ ရိုက်နှက်မှုကြောင့် ပါးပြင်တွေနဲ့ လက်မောင်းတွေမှာ ဒဏ်ရာအချို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ကလေးမလေးကို မြောက်ဦးဆေးရုံမှာ ဆေးစစ် ချက်တွေ ပြုလုပ်နေပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း  ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ဆက်လက်ပြောပါတယ်။

“ဆေးစစ်တာကတော့ ကျနော်တို့ သိပ်တော့မသိဘူးဗျ။ ဒါကတော့ဆရာဝန်ကြီးတွေ သိတာပါဗျ။ ကျနော် အနေနဲ့ကတော့ ဘာမှမဖြစ်နိုင်ဘူးလို့လည်း ပြောချင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကြံစီတာကတော့ ကြံစီတယ်ပေါ့။ မုဒိမ်းမှု မမြောက်ဘူးပေါ့ဗျာ။ ကောင်မလေး အနေအထားကိုလည်း သေချာမေးထားပြီးပါပြီ။ ကလေးမလေးက အော်လိုက်တာပေါ့လေ။ ဒါကိုကြားလို့ ဘေးပတ်ဝန်းကျင်ကြားပြီး လာကြတယ်။ အဲ့ဒီအချိန်မှာ ဘာမှမလုပ်ရသေးဘူး။ အထမမြောက်သေးဘူး။”

မြောက်ဦးမြို့ရဲစခန်းက တပ်သားထွန်းလှိုင်းကို ပ ၃၅/ ၂၀၁၆ မုဒိမ်းကျင့်ရန်ကြံစီမှုဆိုင်ရာ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

(သတင်း - ဇော်ခ၊ ဓာတ်ပုံ - တင်ဦးမောင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013