ဧပြီ ၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
April 1, 2016
ဧပြီ ၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၀၂ ဒသမ ၉၅ ကျပ်၊ ၁ ယူရိုငွေကို ၁၃၆၈ ဒသမ ၂၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၉၀ ဒသမ ၂၁ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၇ ဒသမ ၉၂ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၄ ဒသမ ၂၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၈၄၃၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးကတော့ ၇၈၄၅၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၃၀ ဒေါ်လာ ဈေးပေါက်ပါတယ်။











