DVB Logo
Home
မြန်မာသတင်း
ပတ္တရားတွင် ရွှေ့ပြောင်းလုပ်သားများကို ညမထွက်ရ အမိန့်ထုတ်
DVB
·
April 1, 2016
ပတ္တရားတွင် ရွှေ့ပြောင်းလုပ်သားများကို ညမထွက်ရ အမိန့်ထုတ်
Donate to DVB

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တရားမြို့နယ် ကော်လန့်ကျွန်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ည ၈ နာရီခွဲနောက်ပိုင်း လမ်းပေါ်မထွက်ဖို့ သက်ဆိုင်ရာရဲစခန်းက အမိန့်ထုတ်ထားကြောင်း  sanook.com သတင်းမှာ ဖော်ပြပါတယ်။

ပတ္တရားပင်လယ်ကမ်းခြေဒေသဟာ နိုင်ငံခြားသားနဲ့ ထိုင်းခရီးသွားဧည့်သည် အများအပြား နေ့စဉ်လို လာရောက်အပန်းဖြေနေကြတဲ့အတွက် သူတို့ရဲ့ အသက်စည်းစိမ်နဲ့ လုံခြုံရေးကိုကာကွယ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ညမထွက်ရအမိန့်ထုတ်ရတာလို့ ပတ်တယားမြို့မ ရဲစခန်းက စခန်းမှူး နိုင်းဆုထတ် ဖုန့်ဖန်းမုံ့ က သတင်းထောက်ကို ပြောပါတယ်။

ဒီမတိုင်ခင်က ရွှေ့ပြောင်းအလုပ်သမားတချို့ဟာ ခရီးသွားဧည့်သည်တွေပေါ် ဒုစရိုက်မှုကျူးလွန်တဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ခရီးသွားဧည့်သည်တွေ ကြောင့်ကြမှုကင်းဖို့ စားသောက်ဆိုင်၊ လှေဆိပ် အစရှိတဲ့ နေရာက  ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ည ၈ နာရီခွဲနောက်ပိုင်းကနေ မနက်ခင်းအလုပ်ဆင်းရမယ့်အချိန်ထိ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့  စည်းကမ်းထုတ်ရတာဖြစ်ကြောင်း၊  သက်ဆိုင်ရာအလုပ်ရှင်တွေဆီလည်း အကြောင်းကြားစာပေး ပို့ခဲ့ပြီဖြစ်ကြောင်း  စခန်းမှူးရဲ့အပြောကို ကိုးကားပြီး သတင်းမှာဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013