DVB Logo
Home
မြန်မာသတင်း
လာမည့်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု
DVB
·
April 1, 2016
လာမည့်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု
Donate to DVB

လာမယ့်သင်္ကြန်ကာလအတွက် ရန်ကုန်မြို့က ကန်တော်ကြီးပတ်လမ်းမှာ စီးပွားဖြစ် ဆောင်ရွက်နေတဲ့ မဏ္ဍပ်တွေ ဆောက်မယ့်ကိစ္စကို ခွင့်မပြုတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဌာနမှူးတွေ တွေ့ဆုံပြီး သင်္ကြန်ကိစ္စနဲ့ တခြားကိစ္စတွေ ဆွေးနွေးခဲ့ကြစဉ်မှာ အလို ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။

စီးပွားဖြစ်မပာုတ်တဲ့ ကုမ္ပဏီတွေကတော့ မိမိရုံးရှေ့မှာ ဝန်ထမ်းတွေနဲ့ ရေကစားနိုင်ဖို့ မဏ္ဍပ်ဆောက်ခွင့်ရမှာ ဖြစ်သလို မိမိတို့ခြံရှေ့တွေမှာ မိသားစုမဏ္ဍပ်တွေ ဆောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်း သီးခြားမလုပ်တော့သလို မြို့တော်ဝန်မဏ္ဍပ်ဆိုပြီိးလည်း အမည်မတပ်ဘဲ ရန်ကုန်မြို့တော်ဗပာိုမဏ္ဍပ်လို့ အမည်ပေးပြီး  မြို့တော်ခန်းမရှေ့မှာ ပြုလုပ်မယ်ဆိုတဲ့အကြောင်းလည်း ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013