DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုး/ဇလ သတိပေးချက် ထုတ်ပြန်
DVB
·
April 1, 2016
အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုး/ဇလ သတိပေးချက် ထုတ်ပြန်
Donate to DVB

၂၀၁၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လတို့မှာ အယ်လ်နီညိုကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေမှာ အခြားဒေသတွေထက် ပူပြင်း‌ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းတို့ကို ပိုမိုကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ် အယ်နီညိုအ‌ခြေအနေနဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ မြန်မာနိုင်ငံ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအ‌ခြေအနေ သတင်းထုတ်ပြန်ရာမှာ မိုးလေ၀သဌာနက အခုလို သတိပေး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီသတင်းထဲမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ အယ်နီညိုဖြစ်စဉ်ဟာ အားကောင်းတဲ့ အ‌ခြေအနေမှ ၂၀၁၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှစလို့ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက်အားလျော့နေတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လကုန်ခန့်မှစပြီး အယ်နီညိုအ‌ခြေအနေဟာ ပုံမှန် (ကြားနေ) အ‌ခြေအနေကို ပြောင်းလဲသွားနိုင်တယ်၊ ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပေါ် အယ်နီညိုရဲ့ အကျိုးသက်ရောက်မှု ဆက်လက်ရှိနေနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာဖူလုံရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ သက်ရောက်မှုများ ရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြပါလို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013