DVB Logo
Home
မြန်မာသတင်း
သမ္မတသစ် ပြည်သူအတွက် အကောင်းဆုံးလုပ်ပေးမည်ဟု မျှော်လင့်ကြောင်း အနုပညာရှင်အချို့ ပြော
DVB
·
March 31, 2016
သမ္မတသစ် ပြည်သူအတွက် အကောင်းဆုံးလုပ်ပေးမည်ဟု မျှော်လင့်ကြောင်း အနုပညာရှင်အချို့ ပြော
Donate to DVB

ပြည်သူက ရွေးချယ်လိုက်တဲ့ သမ္မတဖြစ်တဲ့အတွက် ပြည်သူအတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့လာသူတွေက ပြောဆိုကြပါတယ်။

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်အနေနဲ့ နိုင်ငံ့တာဝန်တွေကို ပြောင်းလဲတာဝန် ထမ်းဆောင်ရတော့မှာ ဖြစ်ပေမယ့် စောင့်ကြည့်လေ့လာရဦးမယ့် အခြေအနေသာဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။

ပြည်သူက ရွေးချယ်ပေးလိုက်တာမှန်ပေမယ့် အစိုးရတရပ်အနေနဲ့ ပြည်သူတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှုရှိစွာ ဆောင်ရွက်နိုင်မယ် ဆိုတာကိုတော့ အသေအချာ စောင့်ကြည့်ဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့လာသူ ဒေါက်တာစိုးနွယ်ဦးက ပြောပါတယ်။

"အစိုးရတက်လာတဲ့အတွက်တော့ အရမ်းဝမ်းသာတာပေါ့။ မျှော်လင့်ထားတာတော့ အများကြီးပဲ။ ဒီ ငါးနှစ်အတွင်း ဘာတွေလုပ်ပေးနိုင်မလဲပေါ့၊ စောင့်တော့ စောင့်ကြည့်ရဦးမှာပေါ့။ အဓိက ကျမကလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် ပညာရေးကိုလည်း အများကြီး မျှော်လင့်ထားပါတယ်။ ကျန်းမာရေး၊ ပညာရေး ဒါတွေကို အဓိကထားပြီးတော့ ကျမတို့က စောင့်ကြည့်သွားချင်တာပေါ့နော်။"

အခုရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတဟာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်လို့ ပြည်သူ့ဆန္ဒကို အလေးထားမယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်လို့ အဆိုတော် သျှီက ပြောပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့လာခဲ့တဲ့ အဆိုတော် အာဇာနည်ကလည်း “ဒါက အရပ်သားအစိုးရဖြစ်တယ်။ အရပ်သားထဲကနေမှ သမ္မတ ရွေးချယ်တင်မြှောက်တာ ဖြစ်တဲ့အတွက် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေကို သမ္မတကြီးက အပြည့်အ၀၊ ပြည်သူလူထု အားကိုးရမယ့် သမ္မတကြီးလို့ ကျနော်ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ နိုင်ငံ့တာဝန်တွေကို ပြောင်းလဲတာဝန်ယူ ထမ်းဆောင်တော့မယ့် သမ္မတ၊ ဒု-သမ္မတတွေနဲ့ ၀န်ကြီးဌာနတွေကို တာဝန်ယူသွားမယ့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် ၂၀၁၀ ပြည့်နှစ်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးသိန်းစိန်က လက်ရှိ နိုင်ငံ့တာဝန်တွေကို ပြောင်းလဲတာဝန်ထမ်းဆောင်တော့မယ့် သမ္မတ ဦးထင်ကျော်ကို တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013