DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတဟောင်း ၂ ဦး ပထမဆုံးအကြိမ် လွှတ်တော်တက်ကျမ်းကျိန် (ရုပ်သံ)
DVB
·
March 31, 2016
ဒုသမ္မတဟောင်း ၂ ဦး ပထမဆုံးအကြိမ် လွှတ်တော်တက်ကျမ်းကျိန် (ရုပ်သံ)
Donate to DVB

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ယခင်အစိုးရ ဒု သမ္မတဟောင်း နှစ်ဦးနဲ့ ၀န်ကြီးဟောင်းတဦးတို့ ဒီကနေ့ မတ်လ ၃၁ရက်မနက်က ပြည်သူ့လွှတ်တော်မှာ ပထမဆုံးအကြိမ် တက်ရောက် ကျမ်းကျိန်ကတိသစ္စာပြုပါတယ်။

လာရှိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဉာဏ်ထွန်းနဲ့ မင်းကင်းမဲဆန္ဒနယ် ကိုယ်စားလှယ်  ဦးမောင်မြင့်တို့ သုံးဦးဟာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၃၀ ရက်ထိ ခွင့်ယူထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြုကြတာပါ။

အန်အယ်လ်ဒီအမတ်အများစု နေရာယူထားတဲ့ လွှတ်တော်မှာ ကောင်းတာလုပ်ရင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဝေဖန်ထောက်ပြစရာရှိရင်လည်း ထောက်ပြဝေဖန်သွားမယ်လို့ ဒေါက်တာ စိုင်းမောက်ခမ်းက  လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေကိုပြောပါတယ်။

ဒုသမ္မတဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ လွှတ်တော်အခင်းအကျင်းမှာ ဘယ်လောက်ထိ ထိရောက်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတာကတော့ ဆုံးဖြတ်ဖို့ စောနေသေးတယ်လို့လည်း ပြောပါတယ်။

“လွှတ်တော်လာရတာ ပထမဆုံးရက်ဆိုတော့ ဒီနေ့ခံစားချက်က ကောင်းပါတယ်။ ဒီမှာ အခြေအနေက ဘယ်လိုရှိသလဲဆိုတာတွေကို ကြည့်ပြီးတော့မှ လုပ်စရာရှိတာတွေကို လုပ်သွားမယ်။ အခုတော့ သိတဲ့ သူတွေကတော့ ဒီလိုပဲ နှုတ်ဆက်ကြတာပေါ့။ မသိတာက ပိုများနေတယ်။ အဲဒါအချိန်ယူဦးမှာပါနော်။”

ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒုတိယသမ္မတတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးမောင်မြင့်ကတော့  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အရင်အစိုးရရဲ့ သက်တမ်းဟာ မနေ့က မတ်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့တာကြောင့် အဆိုပါ အမတ် ၃ ဦးအနေနဲ့ ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာမှ လွှတ်တော် စတင်တက်ရောက်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကယားပြည်နယ်မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးကောက်တင်မြှောက်ခံရတဲ့ အရင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကတော့ ခွင့်ယူထားဆဲ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်အစည်းဝေးကို လာရောက်ခဲ့ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013