DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်
DVB
·
March 31, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်လို့ ဆိုပြီး ရခိုင်လူငယ် ၁၁ ဦးကို မတ် ၃၁ ရက်နေ့က ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်လိုက်ပါတယ်။

“ဒီကနေ့ ၁၀ နာရီမှာ ကျောက်တော်မြို့နယ် တရားရုံးက ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ရခိုင်လူငယ် ၁၁ ဦးကို ထပ်မံထောင်ဒဏ်ချလိုက်ပါတယ်။ ၅ နှစ်သမား ၃ ယောက်ပါတယ်။ ၃ နှစ်သမားက ၈ ယောက်ပါတယ်။ မနေ့က ချမှတ်လိုက်တာက ၁၂ ယောက်ပေါ့လေ။ ဒီကနေ့ ၁၁ ယောက်ပါ"လို့ ဖမ်းဆီခံထားရသူတွေရဲ့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုကျော်လှမြင့်က ဒီဗွီဘီကိုပြောပါတယ်။

ဒီကနေ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့ ၃ ဦးကတော့ မြောက်ဦးမြို့နယ်၊  မြောင်းဘွယ်ကျေးရွာနေ ကိုထွန်းအောင်ဖြူ၊  မြေပုံမြို့နယ်၊ ကြက်ရေကြီးရွာနေ ကိုကျော်ဝင်း၊ ကျောက်တော်မြို့နယ် လင်ကွိကျေးရွာနေ ကိုစိန်ကျော်သန်းတို့ကို ၁၇ (၂) ပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ ၈ ဦးကတော့ စစ်တွေမြို့နယ် ညှိရောင်ချောင်းကျေးရွာနေ ကိုထွန်စိုးနိုင်၊ ရသေ့တောင်မြို့နယ် နှမ်းခြမ်းရွာနေ ဦးထွန်ဝင်း၊  မြောက်ဦးမြို့နယ် တောင်ရပ်ကွက်နေ ကိုမင်းမင်းထွန်း၊ ပေါက်တောမြို့နယ် ချောင်းဇောက်ရွာနေ ဦးဝင်းမြင့်၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာနေ ကိုဇော်လှိုင်၊ ရသေ့တောင်မြို့ အရှေ့မြောက် ရပ်ကွက်နေ ကိုကျော်ဝင်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းရွာနေ ဦးသန်းဝင်း၊  ကျောက်တော်မြို့နယ်  ရွှေပြည်သစ်ကျေးရွာနေ ကိုတင်ရွှေတို့ကို ထောင် ဒဏ် ၃ နှစ်စီ အသီသီး ချမှတ်လိုက်ပါတယ်။

မတ် ၃၀ ရက်နေ့ကလည်း ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး ရခိုင်လူငယ် ၁၂ ဦးကို ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၆၀ ကျော်ရှိကြောင်း အများဆုံးမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့မှ အများဆုံးဖြစ်ကြောင်း သိရပါတယ်။

(သတင်း - ဇော်ခ၊ ဓာတ်ပုံ - ကျော်လှမြင့်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013