DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ အပါအ၀င် ဥပဒေပေါင်း ၁၄၀ ကျော် ပြင်ဆင်ပယ်ဖျက်ရန် ဦးရွှေမန်းအကြံပြု
DVB
·
March 31, 2016
ပုဒ်မ ၁၈ အပါအ၀င် ဥပဒေပေါင်း ၁၄၀ ကျော် ပြင်ဆင်ပယ်ဖျက်ရန် ဦးရွှေမန်းအကြံပြု
Donate to DVB

ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈၊ မတရားအသင်းဆက်သွယ်မှု ၁၇(၁) စတဲ့ ပုဒ်မတွေကို ဖျက်သိမ်းပစ်ဖို့ သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က လွှတ်တော်ကို အကြံပြု တင်ပြလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတွေထံ ပေးပို့တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲက ဥပဒေပေါင်း ၁၄၂ ခုကို ပြင်ဆင် ပယ်ဖျက် ရုပ်သိမ်း အသစ်ပြန်လည်ရေးဆွဲသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ချောင်းဦးအမတ်ဟောင်း ဦးစောလှထွန်းက ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့ အကြံပြုထားတယ်လို့ ပြောပါတယ်။

“ပုဒ်မ ၁၈ ပါပါတယ်၊ ရုပ်သိမ်းသင့်တဲ့ထဲပေါ့၊ ၅(ည)တို့ ဘာတို့လည်း ရုပ်သိမ်းသင့်တဲ့ထဲ ပါပါတယ်။ မတရားအသင်းဆက်သွယ်မှုတို့ ဘာတို့လည်း ရုပ်သိမ်းသင့်တဲ့ထဲ ပါပါတယ်၊ ပယ်ဖျက်ဖို့ လိုအပ်တယ်၊ လတ်တလောအသုံးပြုဖို့ မလိုအပ်တော့ဘူး၊ လတ်တလော ခေတ်ကာလနဲ့ မညီတော့တဲ့ဟာတွေ အဲ့ဒါတွေ ပါပါတယ်ဗျ။”

ပယ်ဖျက်ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ကော်မရှင်အနေနဲ့ လက်ရှိ လွှတ်တော်ကို ပေးပို့အကြံပြုပြီး ဆက်လက် လုပ်ဆောင်ရမှာကတော့ လွှတ်တော်ရဲ့တာဝန် ဖြစ်ပါတယ်။

စီတန်းလှည့်လည်ခြင်းဥပဒေဟာ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း ရေးဆွဲပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီလို့ အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဥပဒေတခု ဖြစ်ပါတယ်။

အလားတူ မတရားအသင်းနဲ့ဆက်သွယ်မှုဥပဒေဆိုရင်လည်း အစိုးရကလိုရာ ဆွဲသုံးနေတဲ့ ဥပဒေတခု ဖြစ်နေပြီး လက်ရှိအချိန်အထိ ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူ ထောင်ချမှုတွေရှိနေဆဲဖြစ်ဖြစ်ပါတယ်။

သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013