DVB Logo
Home
မြန်မာသတင်း
မိကရင်ကျေးရွာ ဘိလပ်မြေစက်ရုံကို တည်ဆောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်
DVB
·
March 31, 2016
မိကရင်ကျေးရွာ ဘိလပ်မြေစက်ရုံကို တည်ဆောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ မကြာသေးခင်က လုပ်ဆောင်လာတဲ့အပေါ် ဒေသခံတွေက အလိုမရှိတဲ့ မတ်လ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဘားအံမြို့နယ် မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ Myanmar Jidong Cement ကုမ္ပဏီနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏတို့ ပူးပေါင်းဆောက်လုပ်ဖို့  စီစဉ်နေတာဖြစ်ပါတယ်။

ဒီအပေါ် ဒေခံတွေဆန္ဒပြခဲ့ကြတဲ့အတွက် မတ်လ ၃၀ ရက်နေ့က မိကရင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျောပြင်တောင် ပတ်ဝန်းကျင်က ဒေသခံလူထုတွေနဲ့ ကရင်လက်နက်ကိုင်တဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံတွေအားလုံးက ကန့်ကွက်ခဲ့ကြတဲ့အတွက် ဒီဘိလပ်မြေစက်ရုံကို ဆက်လက်တည်ဆောက်တော့မှာ မဟုတ်ကြောင်း သဘောတူခဲ့ကြတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒေသခံ စောကျော်လှက ပြောပါတယ်။

“ဒေသခံတွေက ကန့်ကွက်လိုက်ကြတာပေါ့။ လက်လက်ကိုင်အဖွဲ့တွေကတော့ ဒေသခံတွေ မကြိုက်ဘူးဆိုရင်လည်း မလုပ်တော့ဘူးလို့ ပြောသွားတာပဲ။  ကျနော်ကတော့ သူတို့ကို ပြောလိုက်ပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စည်းရုံးရေးလုပ်တာကိုတော့ ကျနော်တို့ လက်ခံပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ပြီး စည်းရုံးရေးလုပ်တဲ့ နေရာမှာ စီမံကိန်းမပါလာဖို့ ကျနော်က ပြောလိုက်တယ်။ စီမံကိန်းတွေပါလာခဲ့လို့ရှိရင် ဒေသခံရဲ့ ရင်ထဲကို ဆူးနဲ့ထိုးသတ်သလိုဖြစ်တယ်လို့ ကျနော်က ပြောလိုက်တယ်။”

ဘားအံမြို့နယ် မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်မှာ Myanmar Jidong Cement ကုမ္ပဏီနဲ့ နယ်ခြားစောင့်တပ်တို့  ၁ ရက် တန် ၅ ထောင် ထုတ်လုပ်နိုင်မယ် ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။

ရရှိလာတဲ့အကျိုးအမြတ်တွေကို Myanmar Jidong Cement ကုမ္ပဏီက ၁၅ ရာခိုင်နုန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၁၅ ရာခိုင်နှုန်းနဲ့ ဒေသခံတွေနဲ့ ပြည်သူတွေက ၅ ရာခိုင်နှုန်း မျှဝေဖို့ လုပ်ဆောင်ခဲ့တာလို့ မနေ့က ရှင်းလင်းချက်မှာ ပြောဆိုသွားပါတယ်။

မနေ့က  ထုတ်ပြန်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဒီကေဘီအေရဲ့ ထုတ်ချက်မှာလည်း “မိမိတို့ ကရင်လူထုသဘောဆန္ဒနဲ့အညီ မိကရင်တောင်ဘိလပ်မြေ စက်ရုံတည်ဆောက်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။”

မနေ့ကပြုလုပ်တဲ့ လူထုတွေနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ကျောပြန်တောင်တ၀ိုက်က မိကရင်၊ ကြားအင်း၊ ကောဖျံ၊ မုက္ကဒိ ကျေးရွာတွေအပါအ၀င်  ကျေးရွာ ၁၀ က ဒေသခံပြည်သူ ၂၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ကရင်လက်နက်ကိုင်ဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်ချုပ်ကြီး ဂျော်နီ၊ နယ်ခြား စောင့်တပ်က ဗိုလ်မှူးချစ်သူ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က ဗိုလ်ချုပ်စောမိုရှေးနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်ကပေါ်ထူးတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013